Lost Again💔 ep 29 (part1)

714 35 6
                                    

လူငယ်ဘဝရဲ့အချိန်တော်တော်များများကို လေယာဥ်ပေါ်မှာကုန်ဆုံးပီး အာရှရဲ့နိုင်ငံအနှံမှာ သီချင်းဆိုကခုန်လေ့ရှိတဲ့ အဆိုတော်ကောင်လေးတယောက် ။
သူဟာကမ္ဘာကြီးရဲ့ဘယ်နေရာမှာပဲရှိနေပါစေ february 21 ရက်နေ့ကိုတော့ ထိုင်းနိုင်ငံကိုမရောက် ရောက်အောင် ပြန်လာလေ့ရှိတယ် ။

ဒီနှစ်လဲ သူအရောက်ပြန်လာခဲ့တယ်
သူအမြဲငေးကြည့်နေရတဲ့ နေကြာလေးရဲ့မွေးနေ့လေးအမှီပေါ့။
သို့သော်......

" win လေးက ဟိုဘက်အိမ်က သခင်လေး bright နဲ့ paris ကိုခရီးထွက်သွားတာ ၃ရက်လောက်ရှိပီ "

suprise ဆိုပီး ဖုန်းကြိုမဆက်ပဲ အိမ်ထဲတန်းဝင်လာခဲ့သူဟာ အိမ်တော်ထိန်းကြီးရဲ့ စကားကြောင့် ​လှည့်ပြန်ခဲ့ရတယ်
လက်ထဲက နေကြာပန်းစည်းလှလှလေးနဲ့ လက်ဆောင်ဘူးလေးတဘူးကတော့ ပိုင်ရှင်မဲ့သွားခဲ့ပီ...။

ကားထဲဝင်ထိုင်လိုက်ရင်း ပိုင်ရှင်မဲ့သွားတဲ့ပစ္စည်းတွေကို ဘေးခုံပေါ်သာ ပစ်တင်လိုက်တယ်။

Nani - ဒီနှစ်တော့ မင်းတို့ကံမကောင်းဘူး...

နေကြာပန်းစည်းလေးနဲ့ လက်ဆောင်ဘူးကိုကြည့်ကာ ပြောနေသူဟာ မျက်ရည်တွေဝဲရင်း ပြုံးလို့သာ...

နှစ်တိုင်းနှစ်တိုင်း လက်ဆောင်တွေသာပြောင်းသွားပေမဲ့ နေကြာပန်းလေးကိုတော့ပုံစံအမျိုးမျိုးပြင်ဆင်ကာ ပေးလေ့ရှိတယ်
ဒီနှစ်လဲ win like ပေးလိုက်တဲ့ post
မှာတင်ထားတဲ့ အစိမ်းရောင်ပြိုင်ကား အရုပ်လေးကို preorder တင်ပီး သေချာဝယ်ထားပေမဲ့...သူနောက်ကျသွားပြန်ပီ ။

အိတ်ကပ်ထဲထည့်ထားတဲ့ဖုန်းကိုထုတ်ကာ msg လေးတခုရိုက်လိုက်သည်

"Happy Birthday Win "

ထိုနောက်တွင်တော့ သူရဲ့ favorite contact လေးဆီ msg လေးဟာ ရောက်ရှိသွားခဲ့ပီ...

သူဟာ ပထမဆုံး မွေးနေ့ဆုတောင်းပေးတဲ့သူတော့မဖစ်နိုင်တော့ဘူးဆိုပေမဲ့...

ဒီလောက်တော့သူမှာအခွင့်အရေးရှိတယ်မလား ။
မွေးနေ့ဆုတောင်းပေးရုံလေးတော့ သူငယ်ချင်းတယောက်အနေနဲ့ လုပ်ခွင့်ရှိမှာပါလေ...။

Lost Again💔(complete)Where stories live. Discover now