part. 1
4K 150 2
4 ပုဒ်မြောက် fic လေးပါနော သဲတို့ အခုချိန်ထိ ကိုယ့်ရဲ့ ​တွေကိုဖတ်ပေးကြတဲ့သူတွေ update တောင်းပေးတဲ့သူတွေကြောင့် ဆက်ရေးသွားဖို့အားရှိသွားတာပါ ကိုယ်က vote ရဖို့မမျော်လင့်ရဲပါဘူး ကိုယ့်ရဲ့ fic က အရမ်းအကောင်းကြီးမဟုတ်ဘူးလေ ဖတ်ပေးတာနဲ့တင်ဝမ်းသာလှပါပြီ အားလုံး အိုက်နီ🙆🙆😍😘😍
Zawgyi
-စစ်ကျွေး မင်းအိပ်တုန်းလား ထတော့လေ
လာပါပြီ ကျနော့ရဲ့ ဦးလေး အာပြဲစိန်ကြီး နှိုးစက်တောင်မလိုဘူး အသံကအောင်ချက်ပဲ
-ဦးငယ် သား နောက်ထပ်၅မိနစ်ပဲ
လက်ငါးချောင်းထောင်ပြလာတဲ့ စစ်ကျွေးကိုကြည့်ပြီး ရှောင်ကျန့် ခေါင်းတစ်ခါခါလုပ်ကာ
-ရား စစ်ကျွေး ဒီရက်ကမင်းရဲ့ ပထမဆုံးကျောင်းတပ်ရက်လေ အခုတောင်ကြည့်ဦး ၇ နာရီခွဲတော့မယ် မင်းအမေကငါ့ဆီကိုစိတ်ချလက်ချပို့ထားတာနော ငါမျက်နှာမပျက်ချင်ဘူး ငါ့အစ်မအကြောင်းလဲမင်းသိနေတာပဲ မဟုတ်လား သူက....ဘလာ...ဘလာ
မဖြစ်ဘူးထမှ မဟုတ်ရင် ဦးငယ်ရဲ့ ဆုံးမစကားတွေက တန်းစီပြီးငါ့နားထဲရောက်လာတော့မာ နားပူတယ်
-ဟာ ဦးငယ် ကျနော် ထပြီ ထပြီဗျာ ဦးငယ်ကလေ အမြဲတမ်းပွစိပွစိလုပ်တယ် မိန်းမတွေနဲ့နင်လားငါလားပဲ
အိပ်ချင်မူးတူးရုပ်နဲ့ပြောလာတဲ့ တူလေးဖြစ်သူကြောင့် ရှောင်ကျန့် ရီလိုက်ကာ
-ကဲ ပါထတော့ ရေမိုးချိုးပြင်ဆင်တော့ ပထမဆုံးကျောင်းတက်ရက်ဆိုတော့ မင်းနဲနဲလောက်ရွှိင်းသွားလိုက်
ဦးငယ်စကားကြောင့် စစ်ကျွေးမျက်ခုံးပင့်သွားကာ
-ဦးငယ် ကျနော့ကိုစာသွားသင်ခိုင်းတာလား မော်ဒယ်သွားလုပ်ခိုင်းတာလား ဦးငယ် မသိဘူးလား အဲ့ကျောင်းကစည်းကမ်ကြီးတယ်ဗျ ကျနော် ရုပ်ချောပြီးကြည့်​ကောင်းတာမှန်ပေမဲ့ မပြင်ဆင်တတ်ဘူးလေ
သူ့ကိုယ်သူ အထင်ကြီးပြောနေတဲ့ စစ်ကျွေးကြောင့် ရှောင်ကျန့်လဲ ပြန်ပြောလိုက်သည်
-အမယ် အမယ် ဘာမော်ဒယ်လဲ မင်းအရပ်က 4' အထက်လေကိုတောင်ရူဖူးလို့လား ငါကဒီတိုင်းနဲနဲပါးပါးပြင်ဆင်သွားဖို့ပဲပြောတာကို
-ဟာ ဦးငယ် အဲ့အရပ်ပဲလာလာထိနေတာ ဦးငယ်ကသာ လောရှည်နေတာ ကျနော် ကအနေတော်ပဲဗျ
-ဟား ဟား အေးပါကွာ ကဲကဲ မနက်စာစားရအောင်
-ဟုတ် ဦးငယ်