part. 18
714 55 2
Zawgyi
sex ကိစ္စဖြစ်ပြီးတဲ့နောက်ပိုင်း ရိပေါ်ဆိုသောလူသားဟာ ကြောင်ပေါက်လေးထက်ဆိုးနေတယ် နေ့တိုင်းသူ့ရဲ့ ကဖေးဆိုင်ကိုလာပြီး လာလာချွဲနေတာပေါ့ အခုလည်း ဆိုင်ရဲ့ထောင့်ကျနေတဲ့နေရာမှာထိုင်ပြီး သူ့ကိုတစ်စိမ့်စိမ့်ကြည့်နေတဲ့ ရိပေါ်ကြောင့် ရှောင်ကျန့်တစ်ယောက် အပျိုဖြန်းလိုရှက်နေမိသည် အို...အသက်ကြီးလို့ရင်မခုန်ရဘူးလို့ပြောမှမပြောထားတာ အသက်၃၀ ရောက်မှရင်ခုန်ဖူးလေခြင်းပါပဲ...
ရိပေါ်ကျန့်ကော ကိုငေးကြည့်နေတုန်း ဆိုင်ထဲဝင်လာပြီး ကျန့်ကောကို ချစ်ရည်ရွမ်းတဲ့မျက်လုံးတွေနဲ့ ကြည့်ကာ အိန္ဒြာရည်မဆယ်နိုင်လောက်အောင် ရွထနေတဲ့ Mr. Dam ကို စူးရှတဲ့ လေဆာရောင်ခြည်အကြည့်တွေနဲ့ ပစ်လွတ်နေပြီ
-Hi ပေါက်စ
-အော် Mr. dam ပါလား ဘာသောက်မလဲဗျ
-ရတယ် ကျန့်ကောကြိုက်တာချပေး
-အော် အင်းအင်း
ကျန့်ကောရိပေါ် ဘက်ကိုမသိမသာလှည့်ကြည့်လိုက်တော့ လူသတ်တော့မဲ့မျက်ဝန်းတွေနဲ့ Mr. Dam ကိုကြည့်နေပုံက ဘေးလူတောင်အေးစက်သွားနိုင်လောက်တယ်
-ကော ကျနော်လုပ်ကူချင်လို့ ကောပင်ပန်းနေပါ့မရ် ကောလက်နုနုလေးတွေသာထိခိုက်သွားရင် ကျနော်ရင်ကျိုးမှာ..
ရုတ်တရက်ထလာကာ နုနုရွရွပြောနေတဲ့ရိပေါ်ကြောင့် ရှောင်ကျန့်ပင်ခန့်လန့်လန့်ရယ်....
-ရား...ရိပေါ် ငါဒီအလုပ်လုပ်လာတာ နှစ်နဲ့ချီနေပါပြီကွာ သွားဟိုမှာသွားပြန်ထိုင်နေ မဟုတ်ရင် အိမ်ပြန်တော့ တရက်တရက်အလုပ်မသွားဘဲ ငါ့ဆီမှာပဲ 24 နာရီလာနေတာ မင်းကိုဘယ်လိုပြောရမလဲ ဟမ်
နဲနဲလောက်မျက်နှာကို ခပ်တင်းတင်းထားကာဆူပူလိုက်တော့
-ကောကလဲ ကျနော့ကိုဆို အပစ်ပြောဖို့ဘဲ သစ်ငုတ်တိုလိုထိုင်နေတဲ့လူကိုကျတော့ အပြူံးလေးနဲ့ ဧည့်ခံနေတာ ကျနော်ရင်နာတရ်ဗျ...ကောလုပ်ပုံက ကျနော့နှလုံးသားမှာ စူးစိုက်နေသလိုပဲသိလားဗျ
ငိုမဲ့မဲ့နဲ့ သနားစဖွယ်မျက်နှာလေးကို လုပ်ပြကာ ဘယ်လောက်စိတ်မကောင်းဖြသ်သွားကြောင်းပြောပြနေပုံက လုပ်ငန်းရှင်ကြီး Mr.  ဝမ်ရိပေါ် မဟုတ်သလိုပင် ။