part. 3
1K 90 0
zawgyi
Bjyx ဆိုတဲ့ coffee ဆိုင်လေးတွင် ဝန်ထမ်းတစ်ယောက်ရဲ့ ညီးညူသံတွေဟာ စိတ်ပျက်စေနိုင်သည်အထိ ထွက်ပေါ်နေသည်
-bubble tea,green tea,milk tea,Americano,Expresso,cappchino. ...ဘလာ........ဟူး ပြီးပြီ ကိုကြီးကျန့်
-ပြော
-ဘာလို့နေ့တိုင်း လိုက်ပြီး အဲ့တာတွေ ရွတ်ခိုင်းတာလဲ ကျတော်အကုန်မှတ်မိပါတရ်ဗျာ
-ကျင်းရီ မင်းမနက်ထတိုင်း ဘာအရင်လုပ်လဲ
-မျက်နှာသစ်တယ်လေ ကိုကြီးကျန့်ရ
ဒေါက်...ခေါင်းခေါက်ခံရတဲ့ သံစဉ်လေးပါ
-မျက်လုံးအရင်ဖွင့်တာလေ မင်းကမျက်လုံးမိတ်ပြီး သွားတိုက်မျက်နှာသစ်ပြီး ငါ့ဆီအလုပ်လာမလို့လား မင်းဒါလေးတောင်မမှတ်မိရင် ငါ့ဆိုင်အမျိုးစုံတဲ့ကော်ဖီကို မှတ်မိပါဦးမလား
-ကိုကြီး က ညစ်တယ်
-ဟေ့ ဘာရုပ်လဲ အဲ့တာ ပြင်လိုက်စမ်း ယောက်ျားတန်မဲ့ ချွဲချင်နွဲ့ချင်နေတာလား
-ကိုကြီး ကျန့်ကလဲ
-တော်တိတ် မဟုတ်ရင်ဆူပူမူနဲ့ လစာဖြတ်မယ်
-ဗျာ ကိုကြီး ဒါက မဟုတ်သေးဘူးလေ
ရှောင်ကျန့် ကျင်းရီကိုစိုက်ကြည့်လိုက်တော့ ကျင်းရီက ရုပ်ကြည့်အထာသိ ပြီး ပါးစပ်ပိတ်သလိုလုပ်ပြလာကာ လုပ်စရာအလုပ်တွေကိုပြန်လုပ်နေလိုက်သည်...
ကလင် လင်
ဆိုင်တံခါးဝမှာ ချိတ်ဆွဲထားတဲ့ ခေါင်းလောင်းမြည်လာတာမို့ ဧည့်သည်လာပြီလို့ကျင်းရီတွေးကာ လုပ်သမျှတွေကိုချထားပြီး ဦးညွတ်ကြိုဆိုဖို့လုပ်တုန်း........
-ကြိုဆို...ဟာ စစ်ကျွေး
-အယ် အစ်ကိုကျင်းရီ ကိုကြီးကျန့်ရော
-အော် အဲ့ဇီဇာကြောင်တဲ့အဖိုးကြီးလား စောနကပဲ အပြင်သွားမလို့ဆိုပြီးထွက်သွားတယ်
-သြော်...ဟုတ်
-ဒါနဲ့ စစ်ကျွေးကဒီကိုဘာလာလုပ်ကြောင်း....
-အာ နေ့လည်ကျောင်းဆင်းချိန် canteen သွားဖို့အဖော်ရှိလို့ ဦးငယ်ဆိုင်ကိုလာလိုက်တာ ဟီး...
-အင်းပါ ထိုင်နေဦး ခနနေ ကိုကြီးကျန့်ပြန်လာလိမ့်မရ်
-ဟုတ် အစ်ကို
.
.
.
.
ရှောင်ကျန့်တစ်ယောက်ဆိုင်အတွက်လိုအပ်တဲ့ ပစ္စည်း အထုပ်အပိုးတွေ မနိုင်မနင်းသယ်ပြီး ပြန်လာသည် ၊
-အင်း ဒီရက်ကရာသီဥတုကောင်းတာပဲ အေးအေးဆေးဆေး လေးပြန်ရမယ်