part. 2
1.4K 100 2
zawgyi
ရှောင်ကျန့် လဲ အိမ်က အလုပ်တွေပြီးပြီမို့ ဆိုင်ဖွင့်ဖို့ သွားရမည် အချိန်ကြည့်တော့ 8:30am ခပ်အုပ်အုပ်လေးကျနေတဲ့ ဆံပင်လေးကို ခေါင်းလိမ်းဆီ လေးနဲ့သပ်ပြီးအနောက်ကိုပင့်တင်ထားပုံက သူ့ကို gentleman ဆန်စေသလို ဝတ်နေကြစတိုင်လ် ဖြစ်တဲ့ ရှပ်အကျီလေးက ​သေးသွယ်တဲ့ခါးလေးကို မဖူံးဖိနိုင်သလို ဂျင်းဘောင်ဘီ ကျပ်လေးက သွယ်လျတဲ့ပေါင်တံလေးကိုမကာဆီးနိုင်ပေ ။ တံတောင်ဆစ်လောက်ခေါက်တင်ထားတဲ့ အကျီလေးကြောင့် ဖြူဖွေးကာ သွေးကြော်စိမ်းတွေပေါ်နေတဲ့ လက်သွယ်သွယ်လေးတွေကို ဖော်ထားသည်
-ok ပြီ ရှောင်ကျန့် မင်းရဲ့ပုံစံကလူံးဝပြီးပြည့်စုံသွားပြီ
မသိရင် The untamed ထဲက မင်းသားဝေ့ရင်းလိုပဲ ဟိ...
ဒီလို gentleman ဆန်တဲ့နောက်ကွယ်မှာ cute tyep လေးပုံးကွယ်နေတာကို သူကလွဲပီး ဘယ်သူသိမှာလဲ ( ဝမ်ရိပေါ်😁)
ရှောင်ကျန့် ခပ်သွက်သွက်လုပ်ကာ ဆိုင်ဘက်အလုပ်ဆင်းဖို့ ထွက်လာလိုက်သည် အော် ဆိုင်ဆိုလို့ ပြောရဦးမယ် ကျနော်က ကော်ဖီဆိုင်ဖွင့်ထားတာပါ အစုံရပါတယ် ဆိုင် နာမည်တောင်ရှိသေးတယ် ဘာတဲ့ Bjyx တဲ့ ဘာအဓိပ္ပါယ် လဲတော့ ကျနော်လဲမသိဘူး ကျနော့အစ်မ ပေးထားခဲ့တာ...
ဆိုင်ကိုရောက်တော့ ဝန်ထမ်းကောင်လေး တောင်ရောက်နေလို့ ဆိုင်တံခါးဝမှာ ထိုင်ပြီးငိုက်နေပြီ ဆိုင်ရဲ့သော့ကသူ့ဆီမှာ ရှိသည် သူ့ဆိုင်ကိုတစ်ခြားသူဆီအပ်ထားရမှာ စိတ်မချတာမို့ အားလုံးကိုသူသာစီမံသည်
-ကျွတ် ကျွတ် ဘယ်ဘဝကတည်းက အိပ်ရေးပျက်လာလဲမသိဘူး အိပ်နေတာက သိုးလို့ သရေတွေကလဲ ကြာရင်ပင်လယ်ကြီးဖြစ်တော့မယ် ဝေ့ ကျင်းရီ ကျင်းရီ....
ရှောင်ကျန့်လဲ ကျင်းရီကို တစ်ခါနှစ်ခါလောက် ခေါ်ပေမဲ့ အိမ်မက်လှလှမက်နေလို့ထင်ပါရဲ့ အိပ်ရင်း ပြုံးတောင်ပြလိုက်သေးတယ်
-ကျင်းရီ !!!
-အမလေး ဘုရားအမြတ်တစ်နိုးထား ဝမ်နင်နဲ့ငါနဲ့ညား..
အသံအောင်လှတဲ့ ရှောင်ကျန့်ရဲ့ အော်သံအဆုံးမှာတော့ အိမ်မက်လှနေတဲ့ ကျင်းရီ တယောက် အိမ်မက်ထဲ မုန်တိုင်းတွေတိုက်လာကာ လန့်နိုးလာတော့သည်