part. 19
631 52 0
zawgyi
စိတ်ပျက်လက်ပျက်နဲ့ အိမ်ရှေ့ကနေထွက်သွားတဲ့ ရိပေါ်ကိုရှောင်ကျန့်သနားမိပါသည် စိတ်မကောင်းလဲ ဖြစ်မိပေမဲ့ သူ့ကိုရိပေါ်ချုပ်ချယ်မှာကိုသူမလိုလားဘူး...
-ကော တောင်းပန်ပါတယ် နောရိပေါ် ခနလေးပါပဲ ခနလေးပဲစောင့်ပါ ကောစိတ်ကိုပြင်ဆင်ပြီးရိပေါ်ဆီလာခဲ့မှာမို့ အဲ့ချိန်ထိကောကိုဖမ်းဆွဲထားပေးမရ်မလား
.
.
-ဦးငယ်
ထမင်းစားခန်းထဲဝင်လာကာ ဟင်းတွေလိုက်မြည်းရင် သူ့ကိုခေါ်လာတဲ့ စစ်ကျွေးကြောင့် ရှောင်ကျန့်ပန်ကန်းဆေးရာမှာ တစ်ချက်လှည့်ကြည့်ကာ လုပ်လက်စကိုလုပ်နေလိုက်သည်
-ဟေ ပြောလေ စစ်ကျွေး
-ဦးငယ် မားကိုသွားကြိုပေးလို့မရဘူးလားဟင် မားရောက်တော့မရ်တဲ့
-အော် ဟုတ်လား အေအေ ဦးငယ်သွားကြိုလိုက်မရ် နော
-ဟုတ် ဦးငယ် ဒါနဲ့လေ ဦးငယ်ဘာလို့ရိပေါ်ကို ထွက်မတွေ့တာလဲဗျ
စစ်ကျွေးစကားကြောင့် ရှောင်ကျန့်လုပ်လက်စ အလုပ်လေးရပ်သွားကာ...
-စစ်ကျွေး ဒီကိစ္စက ကလေးတွေနဲ့မဆိုင်ဘူး ပြီးတော့ ဦးငယ် ရိပေါ်ကို လေ့လာချင်သေးတရ် သူဦးငယ်အပေါ် တကယ်ရောချစ်ရဲ့လားလို့....
-အာ ဟုတ် ဦးငယ်....
.
.
.
ရှောင်ကျန့်သန့်ရှင်းရေးတွေလုပ်ပြီးနောက် လက်ထဲကနာရီကိုငုံကြည့်လိုက်လျင် အချိန်ကား 11 ရှိနေပြီမို့ အမဖြစ်သူကိုသွားကြိုရန် ထွက်လာလိုက်သည်
ကားဂိတ်မှာရပ်ပြီး အမဖြစ်သူကိုတွေ့လိုတွေ့ငှါး ဟိုရှာဒီရှာကြည့်တော့....
-ဟင် ရိပေါ်
ဝမ်ရိပေါ်နဲ့အတူ ဘေးမှာကောင်မလေးတစ်ယောက်ပါ ပါလာတာမို့ ရှောင်ကျန့်အနည်းငယ်စိတ်ဆိုးသွားမိသည် သူ့ကိုချစ်တယ်ပြောပြီးတစ်ခြားတစ်ယောက်နဲ့ တွဲပြနေတာလား...ဟက် ရှောင်ကျန့်ကို ဒီလိုလာလုပ်တော့ ဘယ်ရမလဲ
ရှောင်ကျန့်လဲ ရိပေါ်တို့ဆီသွားဖို့ လုပ်တော့....
-အား ကျန့် ဘယ်သွားမလို့လဲ မမ ကိုလာကြိုတာမဟုတ်ဘူး
လက်ကိုဆွဲထားကာ ပြောလာတဲ့ အမဖြစ်သူကြောင့် သူ့ခြေလှမ်းတွေရပ်သွားသည် ဟုသားပဲ သူက သူ့အမကိုလာကြိုတာလေ ဘာပဲဖြစ်ဖြစ် သူနဲ့ရိပေါ်က ချစ်သူတွေမှမဟုတ်သေးတာ သွားပြီးပေါက်ကွဲ ပြစရာမလိုဘူးလေ...