part. 12
752 64 6
Zawgyi
ဝမ်ရိပေါ် တစ်ယောက် စာမေးပွဲဖြေပြီးတဲ့ရက်မှာပဲ စီးပွားရေးလုပ်ငန်းနဲ့ပတ်သတ်တာတွေအကုန်စတင်လေ့လာခဲ့သည် နေ့မအားညမအား နဲ့ သူ့ပါး လုပ်ငန်းအတွက်ကြိုးစားနေရှာတာမို့ ကျန့်ကောကိုတောင် သွားမတွေ့နိုင်ဘူး......
-သား ဝမ် တော်ရုံပဲလုပ်ပါ သားဝမ်ကနေ့မအိပ်ညမအိပ်လေ့လာနေစရာမလိုပါဘူးကွာ သားစာမေးပွဲ result ထွက်တာနဲ့ CEO ဆိုတဲ့ ဂုဏ်ပုဒ်က ပါလာပြီးသားပါကွာ....
-ပါး ကျနော်ဒီစီးပွားရေးနယ်ပယ်မှာ အင်အားကြီးချင်တရ် ကျနော့ကိုရော ကျန့်ကောကိုရော ဘယ်သူမှလာထိလို့မရနိုင်တဲ့အထိ ကျနော် ကြိုးစားမာပါး.....
-အေးအေး ပါကွယ် ပါးလည်းမင်းကို ဒီလုပ်ငန်းလွဲပေးပြီးသွားရင် ပါးမင်းအမေရှိတဲ့ America မှာပဲ အခြေ ချတော့မယ် (အဲ့ဒါက ဝမ်မား သေဆုံးတော့ အမေရိက မှာပဲ သဂြိုလ် လိုက်တာပါနော ) မင်းအမေလဲ ပါးကိုမျော်နေလောက်ပြီ ပါးသူ့ကိုအဖော်ပြုပေးဖို့အချိန်တန်ပြီသား......
-ဟုတ်ကဲ့ပါ ပါး သားဆီကိုလဲ မကြာမကြာပြန်လာလည်ပါ ပါး.....
-အေးအေး သားလဲ စောစောအိပ်တော့နော...goodnight. ...
-ဟုတ်ပါး....goodnight ပါ...
.
.
.
.
.
တီ.....တီ....
Dam တစ်ယောက် သူ့ရုံးခန်းထဲတွင် ယုန်ပေါက်လေးအကြောင်းစဉ်းစားနေတုန်း. မြည်လာတဲ့ဖုန်းသံကြောင့် စုတ်သပ်ကာ ကိုင်လိုက်သည်
-ကျစ် ပြော
(Boss ကို အနှောင့်အယှက်ဖြစ်စေမိလို့တောင်းပန်ပါတရ် ကျနော် တို့ရဲ့ ကျောက်မျက်ရတနာသယ်ဆောင်တဲ့ကား ရဲတွေ စစ်ဆေးဖို့ လုပ်နေလို့ ပါ အဲ့ဒါ.... )
-ဘာ တောက်စ် မင်းတို့ရဲတွေကိုအချိန်ဆွဲထား ငါအခုလာခဲ့မရ် သူတို့လုံးဝစစ်ဆေးလို့မဖြစ်ဘူး ငါပြောမရ် ရဲတွေနဲ့ထိပ်တိုက်တွေ့လာရင် မင်းတို့လက်မှာကိုင်ထားတဲ့ Gun က အလှကြည့်ဖို့မဟုတ်ဘူးနော ငါပြောတာနားလည်လား...
(ဟုတ် boss )
-ကောင်းပြီ ငါအခုလာခဲ့မရ်
တီ......
တစ်ဖက်ကဖုန်းဖြေသံကိုတောင်မစောင့်ဘဲ Dam ဖုန်းချပစ်ကာ နောက်ပြန်လှန်သပ်ထားတဲ့ ဆံပင်တွေကိုလက်ချောင်းသွယ်သွယ်လေးနဲ့ထိုးဖွကာ အကြိမ်ကြိမ်တောက်ခေါက်နေမိသည်