part. 10
866 59 0
Zawgyi
အခုတလော ရှောင်ကျန့် ကိုတစ်စုံတစ်ယောက်ကစောင့်ကြည့်နေတယ်လို့ခံစားနေရတယ် ဘာလုပ်လုပ်နောက်ကျော်ကမလုံဘူး အိမ်မှာကလည်းတစ်ယောက်တည်းဆိုတော့ပိုဆိုးတယ် စစ်ကျွေးကလဲ စာမေးပွဲကာလ တစ်လ လုံးဝမ်ရိပေါ်ရဲ့အိမ်မှာသွားနေမှာပါတဲ့....ဟူး...တစ်ဦးတည်း သောဦးလေးကိုပစ်ထားရက်တဲ့ တူလေးပါလေ......
ရှောင်ကျန့် ဆိုင်ဖွင့်ဖို့ သွားရတော့မှာမို့ အိမ်တံခါးတွေ သေချာပိတ်လိုက်ပြီး အိမ်ကထွက်လာလိုက်သည် ပလက်ဖောင်းပေါ် အေးအေးဆေးဆေး လမ်းလျှောက်နေတုန်း......
-ဟေ့ ကလေး
ပခုံးကိုလာ ပုတ်ကာ သူ့ကိုကလေးလို့ခေါ်လာတဲ့သူကြောင့် ရှောင်ကျနိ့ ဒေါသထွက်ကာ ပြန်ရန်တွေ့လိုက်တယ်
-ဒီမှာ ခင်များ ကျနော့ ကို ကလေးလို့ခေါ်ရအောင် ကျနော့အသက်က 10 နှစ်အရွယ်များထင်နေလား ခင်များကိုကျနော်မသိတာမို့ ထပ်ပြီးလိုက်နောက်ယှက်ဖို့ မတွေးပါနဲ့ မဟုတ်ရင် ကျနော့ အဆိုးမဆိုနဲ့
ရှောင်ကျန့်ပြောချင်ပြောခဲ့ပြီးပြီမို့ ထိုနေရာကလှည့်ထွက်ဖို့လုပ်တော့....
-နေပါဦး ကလေးရဲ့ ဒေါသကလည်းကြီးချက်ပဲ ကိုယ်ကမင်းနဲ့ခင်ချင်လို့ပါကွ ကိုယ့်နာမည်က. Dam, Dam Daniel ပါ ကိုယ်မင်းနဲ့ ရင်းနှီးခွင့်ရနိုင်မလား
-မရဘူး ကျနော် ခင်များ နဲ့ မခင်ချင်ဘူး အဲ့တော့ သွားခွင့်ပြုပါဦး....
သူ့ကို ဒဲ့ပြောချလိုက်ကာ သူ့ရှေ့ကလှုပ်တုပ်လှုပ်တုပ်နဲ့ထွက်သွားတဲ့ ကောင်လေး ကိုကြည့်ပြီး Dam ရင်တွေခုန်လာကာ မျက်နှာတွင်လဲ အပြုံးပန်းများပွင့်လန်းနေတော့သည်...
-Boss ကျနော် တို့အစည်းအဝေးစပါတော့မရ် ရှယ်ယာရှင်တွေရောက်နေပါပြီတဲ့
-အင်း သွားမယ်...Role. .
-ဟုတ် Boss
'မင်း အရမ်းချစ်စရာကောင်းလွန်းတရ် ကိုယ်မင်းကိုသဘောကျတယ် ကလေး ကိုယ့်လို ယောက်ကျား တွေရော မိန်းမ တွေကိုရော စိတ်မဝင်စားတဲ့သူကို မင်းကစိတ်ဝင်စားအောင်လုပ်လိုက်ပြီ ကိုယ်မင်းကိုရအောင်ယူမရ် မင်းကကိုယ့်အပိုင်ဖြစ်ရမယ် ယုန်ပေါက် '