part. 8
833 74 0
zawgyi
ဒီ​နေ့က ကျောင်းပိတ်ရက် တနင်္ဂနွေရက်မို့ ရှောင်ကျန့်ရဲ့တူလေးသူငယ်ချင်းကအိမ်ကိုလာမယ်တဲ့ ပြင်ဆင်စရာရှိတာပြင်ဆင်ရမှာမို့ မနက်စောစော ရှောင်ကျန့်ဈေးသွားကာ ချက်ပြုတ်ထားလိုက်သည်
ထို့နောက် ပန်းပင်ရေလောင်းဖို့ အတွက်ပေါ့ပါးတဲ့ စွပ်ကျယ်အဖြူရယ် ဘောင်းဘီတို အဖြူလေးကိုဝတ်ပြီး ခြံထဲဆင်းကာ ပန်းပင် ရေလောင်းတော့သည် အချိန်က မနက်၈နာရီပဲရှိသေးတာမို့ ရှောင်ကျန့်အေးအေးဆေးဆေးပဲလုပ်နေသည် ရေလောင်းရင် ဟိုစိုဒီစိုနဲ့ ရှောင်ကျန့်လဲ ရေချိုးထားသလိုဖြစ်နေတော့သည်......
-မထူးပါဘူးလေ လုပ်လက်စနဲ့ အပြင်တွေကိုပေါင်းနှုတ်ပေးလိုက်ဦးမယ်........
ရှောင်ကျန့်လဲ ဧည့်သည်က 9.နာရီ 10 လောက်မှလာမယ်ထင်လို့အေးဆေးလုပ်နေသည်
- 9 ထိုးခါနီးမှ အဝတ်အစားသွားလဲတော့မရ်...
ထိုချိန် ရှောင်ကျန့် အိမ် ရှေ့နားကားသံကြားတာမို့ ရေပိုက်ထဲကရေနဲ့လက်ဆေးကာ သွားကြည့်တော့....
လက်ဆောင် တစ်ပွေ့တစ်ပိုက်နဲ့ ကောင်လေးတစ်ယောက်က မိမိခြံရှေ့လာရပ်သည်မို့ ရှောက်ကျန့်လဲ တံခါးသွားဖွင့်ပေးလိုက်သည်
ရိပေါ် သူ့ရှေ့မှာလာရပ်တဲ့သူ ကိုကြည့်လိုက်တော့ ဟိုနေ့ကတွေ့ခဲ့တဲ့ယုန်ပေါက်လေးပဲ ဖြူဖြူအုအုလေးနဲ့ ဒီနေ့မှပိုပြီးချစ်စရာကောင်းသလို ရေစိုနေတဲ့စွပ်ကျယ်ကအတွင်းသားတွေဆီ ပြေးကပ်နေကြသည်
-ဝေ့ ဟေ့ ဒီမှာ.....
ရှောင်ကျန့်သူ့ကို ဘာမှမပြော စိုက်သာကြည့်နေတဲ့လူကြောင့် မျက်မမြင်များတဲ့ အ အ များ လား ဆိုပြီးတောင်တွေးလိုက်မိသေးတယ်
-ဟေ့...
-ဗျာ ဗျ ဟုတ်ကဲ့ ပါ
-သြော် စကားတော့ပြောတတ်တာပဲနော
-ဟုတ်ပြောတတ်ပါတရ်ဗျ
-အင်းပါ ဒီကိုဘယ်သူနဲ့တွေ့ချင်လို့်လဲ
-ယုန်လေးနဲ့
ဖြန်း..ဝမ်ရိပေါ် မင်းပါးစပ်က
-ဟမ်
-အာ မဟုတ်ပါဘူး စစ်ကျွေးအိမ်လားမသိဘုး ဒီအိမ်က စစ်ကျွေး ကျနော့ကိုအလည်ခေါ်ထားလို့ပါဗျ
-အော် စစ်ကျွေးသူငယ်ချင်းထင်တရ် လာ လာ
-ဟုတ် ကဲ့
-စစ်ကျွေး...စစ်ကျွေး
-ဗျာ ဦးငယ်လာပြီ
-မင်းသူငယ်ချင်းရောက်နေပြီ ဧည့်ခံလိုက်ဦး ဦးငယ် အဝတ်အစားပြန်လဲလိုက်ဦးမယ်
-ဟုတ် ဦးငယ်