part. 22
925 48 0
zawgyi
ဝမ်ရိပေါ်အခုတလော အလုပ်ကိစ္စနဲ့ ခေါင်းရှုပ်နေခဲ့တာမို့ ကောဆီတောင်မသွားနိုင်ပေ......
-သတိရလိုက်တာ ကောရာ.....ဟူး....
ဝမ်ရိပေါ် အိမ်တော်ပြန်ရောက်ရောက်ချင်း ရဲကား အချို့ကိုတွေ့တာမို့ အိမ်တော်ထဲ အမြန်ပြေးဝင်လိုက်တော့.... တွေလိုက်ရတဲ့မြင်ကွင်းက....
-ခင်များတို့ ဒါဘာလုပ်တာလဲ ကျနော့အဖေကိုလွတ်ပေး ဘာကိစ္စနဲ့ဖမ်းရတာလဲ ခုချက်ချင်း လွတ်စမ်း...
ဝမ်းပါးကိုရဲတွေက လပ်ထိပ်ခက်ထားပြီး ဖမ်းသွားဖို့လုပ်နေတာမို့ ရိပေါ်ဒေါသထွက်သွားသည် ဘာလဲ ပါးက ဘာများလုပ်လို့လဲ အရာရာမှာတရားမျှတမူရှိတဲ့ ပါးကိုဘာလို့လာဖမ်းကြတာလဲ...
-ဝမ်သခင်လေး စိတ်အေးအေးထားပါ ကျနော်တို့ကိုလာတိုင်ထားတဲ့သူရှိလို့လာဖမ်းရတာပါ အားလုံးကသက်သေတွေနဲမို့ ပါ မကျေနပ်ရင် အယူခံဝင်ခွင့်ရှိပါတယ် သွားခွင့်ပြုပါ ဝမ်သခင်လေး....
-နေဦး.... ပါး...သူတို့ဘာကိုပြောနေတာလဲဗျ... ဘာတွေဖြစ်နေတာလဲ သားကိုပြောပြပါဦးပါးရဲ့.....ပါးဘာအမှားလူပ်ထားလို့လဲ.... ပါး...သားကိုပြောပြပါ...
ဝမ်သခင်ကြီး သားဖြစ်သူကိုကြည့်ပြီး စိတ်မကောင်းပေ...သားကိုပြောပြလိုက်ဖို့ တွေးမိလိုက်သည် တချိန်ကျရင်လဲသိမှာပဲ ဥစ္စာ.....
-သား....သား ဒီနှစ် Hotal ဆောက်လုပ်ဖို့ Projuct ဆွဲထားတာသိတရ်မလား အင်း အဲ့တာ ပါးတို့ဘက်က တာဝန်ယူပြီးအားလုံးကိုစီမံဆောက်လုပ်ရတာလေ ပရိဘောဂ တိုလီမူစ တွေက Mr. Dam က ကူညီထားတာ ဒါမဲ့ ပါးတို့ဆောက်လုပ်ရေးမှာပြဿနာတစ်ခုဖြစ်သွားတယ် အလုပ်သမား ငါး ယောက်ထိခိုက်သွားတယ် သုံးယောက်ကိုဖြေရှင်းနိုင်လိုက်ပေမဲ့ နှစ်ယောက်ကတော့ ပါးကို ဈေးနှုန်းသက်သာပြီးအရည်အသွေးညံတဲ့ပရိဘောဂတွေသုံးလို့ သူတို့ထိခိုက်ရတာပါဆိုပြီး တရားဆွဲဖို့လုပ်ထားတာ အဲ့ဒါကြောင့်....
-ပါး...ဒါက လုပ်ကြံမူသက်သက်ပဲ...
ဟုတ်တယ် Mr. Dam ဘက်က ပရိဘောဂတွေအကုန်တာဝန်ယူထားတာ သူက တမင် ဈေးနှုန်းသက်သာတဲ့ပစ္စည်းတွေကို Wang group ဆီပို့ခဲ့တာ ပြီးတော့ သူက တရားမဝင်အလုပ်တွေလုပ်ရင်းကြီးပွားလာခဲ့တာ ဒါမဲ့ ပါးရဲ့ Wang group ကို မမှီပြန်ဘူး သူကြည့်ရတာ Wang group ကို ပြိုကွဲအောင်လုပ်ပြီး Share အများဆုံးနဲ့ သိမ်းပိုက်ချင်နေသလိုပဲ.....ပါး အရင်တုန်းကလုပ်ခဲ့တဲ့ဆောက်လုပ်ရေးမှန်သမျှ တစ်ခုမှ မတော်တဆဆိုတာမျိုးမရှိခဲ့ဘူး...Mr. Dam ကလဲ ဂျပန်ကိုကစ္စရှိလို့ဆိုပြီးထွက်သွားချင်ယောင်ဆောင်ခဲ့တယ် အမှန်တကယ်ကသူထွက်မသွားခဲ့ပါဘူး ဘယ်လိုလုပ်သိတာလဲဆို သူ့ရဲ့အတွင်းရေးမှုး Bingo. သူ့အတွင်းရေးမှုး Role နဲ့ ဆုံခဲ့လို့ပဲ  ပြဿနာတွေဖြစ်နေတုန်းသူခန ရှောင်ထွက်မယ် ပြီးရင် ..ပြိုလဲနေတဲ့ Wang group ကို ပြန်လာသိမ်းမယ်ပေါ့....ဟက်.....