part. 13
756 63 6
zawgyi
-Mr Dam. .
ရှောင်ကျန့်တစ်ယောက် ဒီနေ့ဆိုင်မှာ လူအကျများတာမို့ ည ၇ ခွဲလောက်မှ အိမ်ပြန်ရသည် တနေကုန်ပင်ပန်းထားတာမို့နားချင်နေပြီ​လေ အိမ်ကိုပြန်လာတော့ အိမ်နားမရောက်ခင်လမ်းကြားလေးထဲမှာ လူတစ်ယောက်ငြီးနေတဲ့အသံလိုလိုဘာလိုလိုကြားပေမဲ့ ချစ်သူကိစ္စထင်လို့ ရှောင်ထွက်သွားလိုက်ပေမဲ့ လဲကျလာတဲ့ခန္ဓာကိုယ်နဲ့အတူပေါ်လာတဲ့ မျက်နှာကြောင့် လန့်သွားကာ ထိုလူနားဆီအပြေးသွားမိလိုက်သည်
-Mr. dam. ...Mr. dam. .. ဝေ့...ဟာ..
ရှောင်ကျန့်လဲ သူ့ထက်လူကောင်ကြီးလှတဲ့ Dam ကို မနိုင်တစ်နိုင်ထမ်းလိုက်သည် ပထမတော့ Mr. Dam ကိုအိမ်ပြန်ပို့ဖို့တွေးပေမဲ့ Password ခံထားတာမို့ သူဝင်လို့မရဘူးလေ ဒါကြောင့်သူ့ရဲ့ အိမ်ကိုပဲ ခေါ်ဖို့လုပ်လိုက်တယ် ဒီလိုဒဏ်ရာတွေအများကြီးနဲ ဆေးရုံကိုသွားရင်စစ်လားမေးလားလုပ်နေတာနဲ့ လူနာအသက်မကယ်နိုင်ဖြစ်နေဦးမရ်...
ရှောင်ကျန့် လဲ Mr. Dam ကိုအိမ်ထဲထိသယ်လာပြီး ဧည့်ခန်းထဲ ဆိုဖာပေါ်ကိုချထားလိုက်ကာ ရေဇလုံနဲ့ ဆေးသေတ္တာကိုယူဖို့ထသွားလိုက်သည်
-အ့..ဟင်း.....ဟင် ငါဘယ်ကိုရောက်နေတာလဲ အ့...
-ဟာ နိုးပြီလား Mr. Dam
Mr. Dam လဲ သူရောက်နေတဲ့နေရာကို ဝေ့ဝိုက်ကြည့်နေတုန်း...ရေဇလုံ ဆေးသေတ္တာတွေကို ကိုင်လာကာ သူ့ကိုအပြုံးလေးနဲ့ ကြိုဆိုနေတဲ့ ယုန်ပေါက်လေးကြောင့် Dam စိတ်ချသွားသည်
-ခင်များ အကျီချွတ်လို့ရလား ကျနော် ဒဏ်ရာကြည့်ပေးမို့ သိပ်အများကြီးမထိသွားရင် ကျနော် သင်ထားတဲ့ ဆေးကုနည်းတွေအတိုင်းကုပေးမရ် အကယ်၍ ဒဏ်ရာများရင်တော့ ဆေးရုံကိုသွားရမယ်
-ကိုယ် ဆေးရုံမသွားချင်ဘူး ယုန်ပေါက်
-ဟမ် ခင်များဆေးရုံမသွားတော့ ဘယ်လိုလုပ်ဒဏ်ရာသက်သာမလဲ
-ယုန်ပေါက် ကုပေးပေါ့
-ကျစ်...ခုတော့ အကျီချွတ်ကြည့်မရရင် ကျနော် ဒဏ်ရာနားကိုပဲ ကတ်ကြေးနဲ့ညှပ်လိုက်မယ်
Dam လဲ သူ့ရဲ့ ဆွဲဆောင်မူရှိတဲ့ ခန္ဓာကိုယ်ကို သူ့ရဲ့ယုန်ပေါက်လေးကိုပြချင်တာမို့ သေအောင်နာတဲ့ဒဏ်ရာကိုလျစ်လျူရူကာ ဆွယ်တာအကျီလေးကိုမရမကချွတ်လိုက်သည် ပေါ်လာတဲ့ ရင်အုပ်ကျယ်ကျယ်ရယ် 8pack တွေက မိန်းကလေးတွေကိုသာ မက ယောက်ျားလေးတွေကိုပါဆွဲဆောင်နိုင်လွန်းတယ် ချွေးဒီးဒီးစီးကျနေတဲ့ ရင်ဘတ်က အမေရိကန်တရုတ်ကပြားမို့ ဖြူဖွေးနေသည်