ဆင်ခိုးမလေး၏ တဏှာအချစ် ရမ္မက်မေတ္တာ

5.7K 22 0
                                    


ဆင်ခိုးမလေး၏ တဏှာအချစ် ရမ္မက်မေတ္တာရေးသူ - ရနောင်မင်းသား

(၁) မီးရောင်အောက်ကိုဝင် လူပြက်တွေနဲ့တွဲ

ထွတ်ထွတ်ကလေးရယ်တဲ့ လှတဲ့မေ ...ရွရွကလေးရယ်တဲ့လှမ်းတဲ့မေ ...သြော် ...ပြောရရင်ဖြင့် ...မနောကြည်တင့်ကျမ်းနှင့်မသွေ .. ဘယ်သူပြိုင်လို့ လှပါတော့နိုင် ... ဘယ်သူယှဉ်လို့ ကြွပါတော့နိုင် ...အဲဒါ အဲဒါ မလေးရဲ့ဘ၀ပေးကုသိုလ်ပါ ...

အငြိမ့်မင်းသမီး မလေးပါရှင့် ....အငြိမ်းမင်းသမီး မလေးပါရှင့် ...မြိတ်လွတ်ကယ်ပြေရောင်နဲ့ ပိတုန်းရောင်ကေသာနွဲ့ကို ပန်းထည့်လို့ ထုံးလိုက်ပြန်တော့ မလေးဘေးမှာရစ်ဝဲနေတာ ...ရှင်တို့ ရှင်တို့ ယောက်ျားတွေ ...ပါ ...

ပတ်မကြီးသံနှင့်အညီ မေးလေးကိုထိုးထိုးပြီး မလေးတစ်ယောက်သီချင်းကိုအဆုံးသတ်လိုက်ချိန်မှာတော့ ပရိသတ်ကာလသားတွေထံမှ လက်ခုပ်သံများတဖြောင်းဖြာင်းထွက်ပေါ်လာလေတော့သည်။ မြေ၀ိုင်းသဘင်ဆိုသော်ငြား တောင်တွင်းကြီးမြို့၏အကျော်ကြားဆုံးမြေ၀ိုင်းသဘင်ဖြစ်ရကား လာရောက်ကြည့်ရှုသူပရိသတ်မှာ မနည်းမနောပင်ရှိနေပါ၏ ။ အထူးသဖြင့် မလေး၏အလှကိုမျက်မြင်ကိုယ်တွေ့ ရှုစားလိုသဖြင့် ရောက်ရှိလာသော ယောက်ျားသားပရိသတ်ကြီးမှာ တိုးမပေါက်အောင်ပင် စည်ကားနေပေသည်။

ညဉ့်ကလည်းနက်ပြီ။ ယနေ့ညအတွက် ဖျော်ဖြေစရာကုန်သွားပြီမို့ မလေးလည်းအိမ်ကိုပြန်လာခဲ့တော့သည်။ ချစ်လင်လယ်တော်အုပ်ကလည်း အိမ်ဝကနေ တမျှော်မျှော်ဖြစ်နေရှာတော့မည်ဟု မလေးအတပ်သိပါ၏ ။ တကယ်တော့ မလေးမှာ သဘင်သည်လုပ်မှ စားရသည့်အနွမ်းအပါးထဲကမဟုတ်။ တောင်တွင်းကြီး၏လယ်တွင်းကိုးခရိုင်ကိုအုပ်ချုပ်ရသော လယ်တော်အုပ်၏လစာ၊ လာဘ်ပသကာတို့ဖြင့် တင့်တောင့်တင့်တယ်နေနိုင်ပြီးသားဖြစ်၏ ။ ဒါပေသိ အနုပညာကို မလေးချစ်သည်။ ပရိသတ်တွေကြားမှာ ကပြဖျော်ဖြေရသည်ကို မလေးပျော်သည်။ ထို့ကြောင့်လည်း ချစ်လင်တားမြစ်နေသည့်ကြားမှ မြေ၀ိုင်းသဘင်ကို မဖြစ်ဖြစ်အောင်မလေးဆက်ကနေခဲ့ခြင်းဖြစ်သည်။ ထို့ထက် ပိုပြောရလျှင် သူမ၏အလှဂုဏ်သတင်းကို တောင်တွင်းကြီးနယ်တကြောတွင် ပိုပြီးပျံ့နှံ့စေချင်သည်။ သေးသောခါး၊ ဖွံ့သောရင် ၊ စွင့်သောတင်တို့နှင့် ရွှန်းရွှန်းစားစားလှသောမလေး၏အလှကို ဖြစ်နိုင်လျှင် ဟိုးအဝေးက ရတနာပုံနေပြည်တော်တိုင်အောင်ပင် ပျံ့နှံသွားစေချင်သည်မှာ မလေး၏ဆန္ဓ။

Plus One Shot Collection(အပြာစာအုပ်စုစည်းမူ့)Where stories live. Discover now