နှမ​တော် ခင်ဖုဏ်း

11.7K 39 1
                                    

ည… အားလုံး တိတ်ဆိတ်၍ နေသည်။ ခင်ဖုဏ်းသည် မျက်လုံးကြောင်၍နေ၏။ အိပ်မရသော အကြောင်းအရင်းကလည်း ရှိနေသည် မဟုတ်ပါလား…… ကိုယ့်အပေါ်မှာလည်း တာဝန်တစ်ခု ရှိနေပြီကော….. သေချာပါသည်….. သို့သော် ထိုတာဝန်သည် လူသိရှင်ကြား မဖြစ်စကောင်းသော တာဝန်…. အစ်မတော် စောကလျာ ပေးအပ်ထားသော အထူးတာဝန်ဟုဆိုရမည်။


ခင်ဖုဏ်းသည် စင်စစ် ကျေးတောသူမလေးသာဖြစ်၏။ အားလုံးကို ခင်ဖုဏ်း ကြောက်ပါသည်၊ လေးစားရပါသည်၊ ထိုင်ဆိုထိုင်၊ ထဆိုထရသော ခင်ဖုဏ်း ဖြစ်ပါသည်။ မည်သို့ ဖြစ်စေကာမူ ခင်ဖုဏ်းတစ်ယောက် မိမိဘဝကို မိမိ ကျေနပ်ပါသည်။ ခင်ဖုဏ်း၏ ရုပ်ရည်ကား တောနှင့်မတန်လေသောကြောင့်လားမသိ၊ သို့တည်းမဟုတ် နန်းထိုက်လေသောကြောင့်လေလားမသိ၊ မမျှော်မှန်းရဲသော ရွှေနန်းတော်အရပ်ဆီသို့ ရောက်ခဲ့ရပါပြီ။


*ဒူ... ဒူ... ဒူ... ဒူ...*


တစ်ချက်ခြင်း တီးခတ်လိုက်သော ရွှေဗဟိုရ်စည်သံကို နားစွင့်မိတော့ (၁၀) ချက်တောင် တီးပြီကော…….. ခင်ဖုဏ်းသည် အိပ်ရာမှ လူးလဲထကာ တံခါးကို အသာဖွင့်၍ ထွက်ခဲ့၏။ ထို့နောက် မမစောကလျာ ရှိသော အဆောင်ဖက်ဆီသို့ အရွေ့ရွေ့ ချဉ်းကပ်ကာသွားနေ၏။ ရှမ်းပြည်မှ ကြွရောက်လာသည့်  ယခုတလော နိုင်ငံတော် ပြည်အရေးကလည်း ကောင်းလှသည် မဟုတ်….. ဘဝရှင်မင်းတရားကြီး၏ ကျန်းမာရေးကလည်း မကောင်း….. အစွမ်းထက်သော တောကြောင်တို့ကလည်း ပုန်ကန်ထကြွ သည်မျှအထိတော့ ခင်ဖုဏ်းသိထား။ သို့သော် ထိုကိစ္စ ခင်ဖုဏ်းနဲ့ မဆိုင်။


ခင်ဖုဏ်းအနေနှင့် သည်ရွှေနန်းတော်ကြီးအတွင်းမှာ ကိုယ့်ကိုချီးမြှင့် မြှောက်စားသူတို့ အငြိုညင်မခံရဖို့သာ ဖြစ်သည်။ ခင်ဖုဏ်းသည် အမှောင်ကိုတိုးလျှက် မမ၏ အဆောင်တော်သို့ တရွေ့ရွေ့ချဉ်းကပ်ခဲ့၏။ ထိုစဉ်….. ခင်ဖုဏ်းကိုယ်အား သန်မာသော လက်ချောင်းများ၏ ဆုပ်ကိုင်သိမ်းပိုက်ခြင်းကို ခံလိုက်ရ၏။

Plus One Shot Collection(အပြာစာအုပ်စုစည်းမူ့)Where stories live. Discover now