သူငယ်ချင်း ညီမ

12.4K 46 1
                                    

သူငယ်ချင်း ညီမ
ရေးသားသူ – ?????

ကျွန်တော့်နာမည်က စည်သူ ။ ကျွန်တော် ငယ်ငယ်ထဲက အရမ်းခင်တဲ့ ကောင်တစ်ကောင်ရှိတယ်။ ခင်ဗျားတို့မှာလည်း ရှိမှာပဲ။ ဒီကောင့်ကို အကုန်လုံးက လေအိုး လို့ ခေါ်ကြတာ။ လေအရမ်းပေါတဲ့ကောင်။ နာမည်အရင်းက ထွဋ်ခေါင် ဆိုပေမယ့် အဲ့နာမည်ကို ဘယ်သူမှ မခေါ်ပေါင်ဗျာ။

လေအိုးနဲ့ ကျွန်တော်နဲ့ စသိတော့ ၃ တန်းဗျ။ ကလေးဘ၀ ကျောင်းမှာ ဘောလုံးကန်ရင်း သိတာ။ ငယ်ငယ်ထဲက ကျွန်တော်က လူလည်ကျတာ။ ဒီကောင်တွေအမြဲ ရှေ့တန်းတို့ နောက်တန်းတို့ လုနေရင် ဂိုးဖမ်းရင် ကျွန်တော်ပဲ။ လေအိုးက ရှေ့တန်းတိုက်စစ်မှုးကြီး အသေဖြစ်ချင်တာ။

အဲ့နေ့က ရှေ့တန်း သူသွားမယ် ငါသွားမယ် လုနေတုန်း ကျွန်တော်က လေအိုးကို ရှေ့တန်းပေးဖို့ ပြိုင်ငြင်းပေးလိုက်တာ လေအိုးရှေ့တန်းဖြစ်ကော။ မဖြစ်လည်း မရဘူးလေ။ ဂိုးသမားမရှိရင် ဘောလုံးကန် မရဘူးမလား။ ဂိုးဖမ်းမယ့်သူက ခပ်ရှားရှားရယ်။ ဒီလိုနဲ့ ကျောင်းဆင်းတော့ လေအိုးက ကျနော့်ကို မုန့်ဝယ်ကျွေးတယ်။ သူ့ဖက် ဝင်ငြင်းပေးလို့ပေါ့။ အဲ့ထဲက ခင်လာခဲ့တာ အသက် ၃၀ ကျော် ကိုယ်စီအလုပ်တွေအကိုင်တွေနဲ့ အိမ်ထောင်ကျတဲ့ အထိပဲ။

ကျွန်တော်တို့ အိမ်ထောင်ကျတော့လည်း ရှေ့ဆင့်နောက်ဆင့်။ ဒီကောင်က ၁၁ လပိုင်း။ ကျွန်တော်က ၁၂ လပိုင်း။ ကျွန်တော်တို့ မိန်းမတွေလည်း နောက်တော့ ခင်သွားကြတာပဲ။ လေအိုးနဲ့ ကျွန်တော်က အရမ်းခင်တာကိုး။ တတွဲတွဲနဲ့ နေကြတာ အခုခေတ်ဆို swing တယ်လို့တောင် ထင်ကြမှာ။ တစ်ယောက်ငွေလို တစ်ယောက်ချေး၊ တစ်ယောက် စီးပွားရေး တစ်ယောက်ကူညီနဲ့ အပြန်အလှန်ပေါ့။

ဖြစ်ချင်တော့ ကျွန်တော်တို့ သူငယ်ချင်းတွေကြား ဝင်လာတာက ကျွန်တော်တို့ မိန်းမတွေ မဟုတ်ဘူး။ လေအိုးညီမ ပေါက်စ ။ ဟုတ်တယ်။ သူ့နာမည်ကိုက ပေါက်စ ။ ကျွန်တော်တို့ထက် အသက် ၁၀ နှစ်လောက် ကွာတယ်။ လေအိုးကော ကျွန်တော်ကော သူ့ကို ပေါက်စလို့ပဲခေါ်တာ။ ချွဲတာကလည်း ၂ ကောင်လုံးကို အသေချွဲတာ။ ဆိုးလည်းဆိုးတယ် နိုင်လည်းနိုင်တယ်။ အလိုလိုက်တာဆိုလို့ ကျွန်တော်တို့ ၂ ကောင်ပဲ ရှိတာကိုး။

Plus One Shot Collection(အပြာစာအုပ်စုစည်းမူ့)Where stories live. Discover now