အချစ်ရည်များ သွင်းပြီး

26.5K 88 1
                                    

ခြံဝန်းကျယ်ကြီးတစ်ခု၊ နှစ်ဧကခန့် ကျယ်ဝန်းသည်။ ထိုခြံဝန်းကျယ်ကြီးအတွင်းရှိ တစ်ထပ်တိုက်လေးက စိမ်းပြာ ရောင်ဆေးသုတ်ထားသည်။ တစ်ထပ်တိုက်ဆိုပေမယ့် ခပ်သေးသေးတော့မဟုတ်ပါ။အဆောက်အဦးပမာဏပင် ပေ(၅၀) ပတ်လည်လောက်ရှိသည်။

တစ်ထပ်တိုက်လေး၏ နောက်မီးဖိုချောင်နှင့် တည့်တည့်လောက်ရှိ တိုက်လေး၏ ဘေးဖက်နား တွင် ရေစင်တစ်ခုရှိပြီး ထိုရေစင်၏ရှေ့ အိမ်ရှေ့ဘက်နားတွင်တော့ ကားဂိုဒေါင်လေးတစ်ခုရှိလေသည်။ တဖန်တိုက်လေး၏ နောက်ဖက်ခြံဝန်း၏ ဒေါင့်လောက်တွင် ဂိုဒေါင်လိုလို သစ်သားအိမ်လေးတစ်လုံးရှိလေသည်။ ခြံဝန်းကျယ်ကြီးထဲတွင်တော့ သီးပင်၊ စားပင်၊ အပင်ကြီးများ၊ အရိပ်ရ အပင်ကြီးများအပြင် အိမ်ရှေ့ဖက်တွင်တော့ ပန်းအလှများ စိုက်ပျိုးလျက် ခုံတန်းလျား လေးများနှင့်အတူ ပန်းခြံလေးသဖွယ် ပြုလုပ်ထားလေသည်။

အချိန်က ည(၁၀)နာရီကျော်ပြီဖြစ်သည်။ ခြံဝန်းထဲရှိ ပန်းခြံလေးထဲတွင် လူတစ်ယောက် ထိုင်နေပြီး လက်ထဲမှ စီးကရက်ကို ဖွာ၍ တစုံတရာကို စဉ်းစားတွေးတော၍နေသည်။ ထိုသူကတော့ ဤခြံဝန်းနှင့် တိုက်တို့၏ ပိုင်ရှင် သူဌေးကြီး ဦးကျင်မောင်၏ လူယုံတပည့်ရင်းလည်းဖြစ် သူဌေးကြီးနှင့် သူဌေးကြီးကတော် သန္တာလတ်တို့၏ ဒရိုက်ဘာလည်းဖြစ်သည့် အသက်(၃၅)နှစ်လောက်ရှိသည့် ညွှန့်မောင်ဆိုသော လူတစ်ယောက်ဖြစ်လေသည်။ ညွှန့်မောင်တစ်ယောက် စီးကရက်ဖွာ ရင်း မမလေး(သန္တာလတ်)၏ အကြောင်းကို စဉ်းစား၍နေသည်။

သန္တာလတ်မှာအသက်(၃၀)ပင်မပြည့်တတ်သေးသော်လည်းအသက်(၆၀)အရွယ် ဦးကျင်မောင်ကို လက်ထပ်ခဲ့ သည်။ သန္တာလတ်မှာ အပြစ်ပြောစရာမရှိလောက်အောင် ချောမောလှပသူလေးဖြစ်သည်။ ယခု သဌေးကြီးဦးကျင်မောင် ခရီး ထွက်သွားခိုက်တွင် သန္တာလတ်မှာ ညွှန့်မောင်ကို ရေလာမြောင်းပေးတွေ လုပ်နေသည်။ သူမ၏ ဝတ်လစ်စလစ်ကိုယ်လုံးကို ပင် ညွှန့်မောင်မြင်ဖူးခဲ့ရပြီဖြစ်သည်။ ဒါပေမယ့် သူမအား ညွှန့်မောင် ရှောင်ခဲ့ပါသည်။ ကိုယ်ထိလက်ရောက် မကျူးလွန်ခဲ့ပါ။ ဒါကလည်း သူတို့နှစ်ယောက်ကြားတွင် ခြားထားသော တံတိုင်းက ထူထဲကြီးမားလှသည်။ ညွှန့်မောင် အသက်(၂၀)ပတ်ဝန်း ကျင်အရွယ်ထဲက ဦးကျင်မောင်ထံ ရောက်ခဲ့ရတာဖြစ်သည်။

Plus One Shot Collection(အပြာစာအုပ်စုစည်းမူ့)Where stories live. Discover now