မီးရဲ့ကိုကြီး

15.8K 43 2
                                    

မီးရဲ့နာမည်က ဆောင်းပပအောင် ။ အသက်ကတော့ 23 နှစ်။ မန်နေဂျာလက်ထောက်။ မီးက နယ်ကပါ။ ရေကြည်ရာမြက်နု ဆိုသလို အလုပ်ကိုင် ပေါများရာ ရန်ကုန်ရွှေမြို့တော်ကြီးဆီသို့ တက်လှမ်းရာ ကိုကြီးနဲ့ ဆုံရတာ။ ကိုကြီးက မီးရဲ့အထက်လူကြီး မန်နေဂျာ။


ကိုကြီးလို့သာ ခေါ်တာပါ။ ခုဆို ကိုကြီးအသက်က 40 ပြည့်ပြီ။ ချစ်လွန်းလို့ ကိုကြီးလို့ခေါ်တာ။ ကိုကြီး နာမည်က စိုးမိုးအောင် လူအေးလို့ပြောရင် မမှားဘူး။ အကြီးအကဲတွေနဲ့ဆုံရင် သောက်ဖြစ်တာကလွဲလို့ အားလုံးရှင်းတယ်။ မီးရဲ့ ပထမဦးဆုံးဆိုတာထက်ပိုတဲ့ ကိုကြီး မီးရဲ့ အရာရာ ပထမဦးဆုံးသော ကိုကြီး။


အဲ့နေက အင်တာဗျူးတဲ့နေ ကိုကြီးနဲ့စဆုံရတဲ့နေ့ ကိုကြီးကို မကြည့်ရဲဘူး။ လက်ရှိမှာကိုယ့်ကို စီစစ်ကြီးကြပ် မေးခွန်းတေနဲ့ သတ်မဲ့သူကြီးလေ။ ခေါင်းကိုသာ ငုံ့ထားရင်း မေးတဲ့ မေးခွန်းတွေကို တုန်တုန်ယင်ယင်နဲ့ ဖြေနေရတဲ့ မီးကို မြင်မြင်ချင်း ချစ်မိသွားတဲ့ ကိုကြီးလေ (ဒါကတော့ သူနောက်မှပြောပြတာ😊😊)။


ဒီလိုနဲ့ မီးလဲ ကိုကြီးရဲ့ လက်ထောက် အဆင့်သို့ ရောက်ရှိနေပြီ။ ကိုကြီးဆီက ရိသဲ့သဲ့တို့ မထိတထိတို့ စကားတွေ အပြုအမူတွေကို ယောင်လို့တောင် မရခဲ့ဘူး။ အနေတည်တယ် ပြောရင်ပြတ်တယ် လုပ်ရင် ရှင်းတယ်။ အခုရှုပ်မှ နောင်ရှင်း တခါတည်းလုပ်တယ်။ ဒါမဲ့ လက်အောက် ငယ်သားတွေကို ကြည့်တယ်။ မနိူင်၀န်မထမ်းခိုင်းဘူး။ ကိုယ့်မှာသာ ရေလာမြောင်းပေးရတာ အမော ကိုယ်တော်ချောက ခပ်တည်တည်။


ဆုံခဲ့ရတဲ့တနေ့ သူ့ရဲ့မွေးနေမှာ သူဌေးက ကိုကြီးကို ဘောက်ဆူးအများကြီး လက်ဆောင်ပေးတယ်။ အာ့ကြောင့် ကိုကြီးက Ktv လိုက်ပို့ပေးတယ်။ လက်အောက် ငယ်သားတွေနဲ့ ကိုကြီးဟာ အဲ့ညမှ သူငယ်ချင်း ဘော်ဒါတွေလို တသွေးတည်း တသားတည်းနဲ့ အရမ်းပျော်စရာ ကောင်းတဲ့ညပေါ့။ ကိုကြီးအတွက် တက်နိုင်သလောက် လက်ဆောင်ပေးမယ်ပေါ့။ ကိုယ်တွေ စီစဉ်ခဲ့ပေမဲ့ ကိုကြီး မယူခဲ့ဘူး။ လုံး၀လက်မခံဘူး။ သူပျော်ပျော်ရွှင်ရွှင်နဲ့ အားလုံးကို ဒကာခံကာ ပျော်ခဲ့တဲ့ ညဖြစ်သလို မီးနဲ့ကိုကြီးရဲ့ အချစ်ည ရင်ခုန်သံဆိုရင်လဲ မမှားပါဘူး။ အပျိုရည် ပျက်ခဲ့တဲ့ည၊ ငိုခဲ့ရတဲ့ည၊ ပျော်ခဲ့ရတဲ့ည။

Plus One Shot Collection(အပြာစာအုပ်စုစည်းမူ့)Where stories live. Discover now