မင်္ဂလာဦးည Part A

35.4K 82 0
                                    

မင်္ဂလာခန်းမကြီးအတွင်း လူပရိတ်သတ်များ တဖြည်းဖြည်းနဲ့ ရှင်းလင်းစပြုလာပီး ပြန်သောသူများ၊ နုတ်ဆက်စကားပြောသူများ ဓါတ်ပုံရိုက်ကျသူများနဲ့ ခန်းမကြီးရှိ ဝန်ထမ်းများ ကိုယ်ဆီကိုယ်ဆီ အလုပ်ရှုပ်နေကျပီး အခန်းအနားတခု အောင်မြင်စွာ ပြီးဆုံးသည့် သဘောဆောင်ကာ ဇယ်ဆက်သလို မြင်နေရသည်။

"ကဲ ...အားလုံးပဲ ပြန်ကျမယ်ဟေ့၊ သတို့သား၊ သတို့သမီး ကားရောက်နေပီ၊ လက်ဖွဲ့ကားကော သွားပီလားဟေ့၊ မြန်မြန်လုပ်ကျ၊ ပီးရင်လဲ ရွှေကြိုး၊ ငွေကြိုး တားအုန်းမယ်မလား၊ လိုက်မယ့်သူတွေ မြန်မြန် ....."

"ဟေး ..... ဟိုမှာ ကားလာနေပီ... ကြိုးတားကျဟေ့ ကြိုးတားကျ"

"ဟေ့ရောင် နင့်ဆွဲကြိုး ချွတ်လေ၊ လာ ဒီမှာ ငါ့ကြိုးနဲ့ ချိတ်ထား ၊ မြန်မြန် မြန်မြန် "

ကဲ ..... အဒေါ်ကြီးတွေရော မြန်မြန်လုပ်ကျဗျို့၊ ကားက လာနေပီ

"ဟ မေရေ၊ ကြိုးတားမယ့်သူတွေက များလှချည်လား အမလေး... လေး မွဲရချည်ရဲ့ "

"အယ် မောင်ကလဲ ..တသက်မှာ တခါပဲကို ဒီလောက်တော့ ရှိမှာပေါ့ ခစ် ခစ် ခစ် ဒါပေမယ့် မောင် ပြင်ပီးသားမလား အဲ့အတွက် "

"အင်း ပီးပါပီ၊ ကံကောင်းတဲ့သူ များများ ရမှာပေါ့ ဟီး... ဟီး "

"ကဲ မင်္ဂလာမောင်နှံရေ၊ အခန်းဆီရောက်ဖို့အတွက် အစ ဉ်အလာလေး မပျက်ရအောင် ခဲဖိုးလေး မစပါကွယ် ဟဲ ဟဲ "

"ကဲ ဘယ်နှစ်ကြိုးလဲ ပြော ငါက၅ကြိုးစာပဲပြင်ထားတာ"

"အင်း အားလုံးပေါင်းမှ ၅ ကြိုးထဲပါကွယ်၊ ဒါပေမယ့် နဲလို့မရဘူးနော်၊ နဲရင် ထပ်တောင်းမှာဗျာ "

"ဟား ဟား ဟား... အေးပေါ့လေ၊ နင်တို့ ဂွင်ထဲမှာဆိုတော့လဲ လုပ်ပေါ့အေ၊ ကဲ ရော့ ဒီမယ် တထုပ်၊ ဖယ် ၁ ကြိုး "

"နောက်တကြိုးဖယ်၊ ရော့"

-

-

-

အခန်းထဲတွင်

"အမလေး အခုမှပဲ နားအေးသွားတော့တယ် ၊ အဲကွန်းဖွင့်ထားတာ ကျေးဇူးတင်ရမယ်၊ နို့မို့ဆို အခုချိန် ပူနေမှာ "

Plus One Shot Collection(အပြာစာအုပ်စုစည်းမူ့)Where stories live. Discover now