သိုင်းကြူး ကိုကို

6.4K 23 0
                                    

သိုင်းကြူး ကိုကိုရေးသူ - အာသာပြေ (မန်း)''ဟေ့.....ရှယ်လီ....ဒါတို့အကို ဂျင်မီတဲ့......''
ပင်စီ၏ စကားကြောင့် ရှယ်လီမှာ ဂျင်မီဆိုသောလူကို သေချာကြည့်ရင်း ပါးချိုင့်လေးပေါ်အောင် ပြုံးပြလိုက်မိသည်။


''အိုင်က ဂျင်မီပါ....''
သူလှမ်းပေးသောလက်ကို ရှယ်လီလှမ်း၍ဆွဲလှုပ်နှုတ်ဆက်လိုက်သည်။
''ရှယ်လီကို အရင်ထဲက မြင်ဘူးနေတာ.....ဒီနေ့မှ ပင်စီကို မိတ်ဆက်ခိုင်းရတာ.....''
''အို...ရှင်''

ရှယ်လီ အံ့သြမှုကြောင့် ဗမာဆန်ဆန်ထွက်သွားသောအသံလေးကို အားနာသွားပြီး လက်ဝါးလေးဖြင့် သူမပါးစပ်လေးကို ပိတ်ထားလိုက်မိသည်။ ပင်စီကတော့ အနားတွင်ရပ်၍ သူတို့နှစ်ယောက်ကို ပြုံးပြုံးလေး ကြည့်နေသည်။ ဂျင်မီဆိုသောလူက ဘိုကပြားပီပီ လူကောင်ကြီးကထွားထွားကြီးဖြစ်သည်။ နှာတံချွန်ချွန် ဆံပင်ရှည်ရှည်ဖြင့် လူချောတစ်ယောက်ဖြစ်သည်။ နှုတ်ဆက်လိုက်သော ရှယ်လီ၏လက်ကို သူကမလွှတ်ဘဲ ဆက်၍ဆုပ်ကိုင်ထားဆဲဖြစ်သည်။
''ယူက ဘားမားလား''
''အို......နိုးနိုး......အင်္ဂလို ဘားမား...ခစ်ခစ်''
သူမ၏ နှုတ်ဖျားမှထွက်သွားသော ဗမာဆန်ဆန်ယောင်ရမ်းသံကြောင့် ဂျင်မီက သူမကို ဗမာလားဟူ၍ မေးသည်ကို ရှယ်လီက ပြာပြာသလဲငြင်းပြီး မဆီမဆိုင် တခစ်ခစ် ရယ်လိုက်သေးသည်။
''ယူက အိုင်ကို အရင်ကတွေ့ဘူးတယ်ဆိုတာ ဘယ်တုန်းကလဲ......''
''ယူကလှတော့ အိုင်ကသတိထားမိတာကြာပြီ''
''အိုးဂေါ့''

ဒီတစ်ခါတော့ ရှယ်လီသတိထား၍ ဘိုဆန်ဆန်ယောင်လိုက်သည်။ ဂျင်မီရော ပင်စီပါ ပြိုင်တူပြုံးလိုက်သည်ကိုသူမတွေ့လိုက်ရသည်။
''ကဲ ကိုယ်တို့သွားအုံးမယ် ရှယ်လီ......ယူက အိမ်ကိုလာလည်အုံးလေ''
ပင်စီက ဂျင်မီလွှတ်မပေးသေးသော ရှယ်လီ၏ လက်ကိုကြည့်၍ နှုတ်ဆက်စကားပြောသည်။
''ဘိုင်......ဘိုင်''

ရှယ်လီမှာ ၀တ်ထားသော ဂါဝန်နားစလေးများ ခါယမ်းသွားသည်အထိ လှိုက်လှိုက်လှဲလှဲကြီး နှုတ်ဆက်လိုက်လေသည်။ ဂျင်မီနှင့်ပင်စီတို့ နှစ်ယောက်စလုံးမှာ ဘိုကပြားများဖြစ်ကြ
သည်။ အနောက်တိုင်းသွေးက များသည်။ ဗမာပြည်ပေါက်တွေမို့သာ ဗမာရည်လည်နေခြင်းဖြစ်ပေသည်။ ဒါပေမဲ့ ရှယ်လီဆိုတာကတော့ ဘိုဆန်ဆန်နေချင်နေသော ဗမာမလေးဖြစ်သည်။ ရှယ်လီ၏ ဗမာနာမည်က အေးအေးသန်းဖြစ်ပြီး ဖခင်ဖြစ်သူ ဦးအုံးသောင်းနှင့် မိခင်ဖြစ်သူ ဒေါ်ကြည်တို့မှ မွေးဖွားလာသော ဗမာမလေးစစ်စစ်ဖြစ်သည်။ ရှယ်လီ၏ မိဘများက
သနပ်ဖက်ပွဲရုံဖြင့် ကြီးပွားလာကြသူများဖြစ်ပြီး ရန်ကုန်မြို့သို့ ပြောင်းလာကြသည်မှာ ခြောက်လခန့်သာ ရှိသေးလေသည်။

ရန်ကုန်ရောက်တော့ အေးအေးသန်းနာမည်ကို ဖျောက်ပြီး ရှယ်လီဆိုသော အမည်ကိုသူမဘာသာကင်ပွန်းတပ်ကာ ဘိုကပြားအသိုင်းအ၀ိုင်းကို ၀င်ရောက်၍ မိတ်ဆွေဖွဲ့ကာ ပေါင်းသင်းဆက်ဆံခဲ့ခြင်း ဖြစ်ပေသည်။ အခုတော့ ရှယ်လီမှာ ဘိုကပြားအသိုင်းအ၀ိုင်းတွင် အတော်လေးဝင်ဆန့်ပြီး သူမ၏ချောမောသော ရုပ်ရည်နှင့် လှပသော ခန္ဓာကိုယ်ကြောင့် သက်တူရွယ်တူ
အသက်(၂၀)၀န်းကျင် လူငယ်တွေကြားတွင် ရှယ်လီမှာ ရေပန်းစားခဲ့သည်။

''ဂျင်မီ....ယူက ရှယ်လီ့လက်ကို ဘာလို့အကြာကြီး ကိုင်ထားရတာလဲ''
''အိုး.....အိုင်မေ့သွားလို့ပါ...''
ဂျင်မီက အရေးမကြီးသလိုဖြင့် ခပ်ပေါ့ပေါ့ပြောလိုက်သည်ကို ပင်စီက သိပ်ပြီးဘ၀င်မကြလှပေ။
''ဘာလဲ......ရှယ်လီက ပင်စီထက်ပိုလှလို့လား''
''နိုး....နိုး''
ဂျင်မီက သူမကိုလှည့်မကြည့်ဘဲ ပေါ့ပေါ့တန်တန်ပင် ဖြေလိုက်ပြန်သည်။
''ဂျင်မီ အိုင်ပြန်တော့မယ်''
''အိုးဂေါ့....ဘယ်လိုဖြစ်တာလဲပင်စီ....အိုင့်အိမ်မှာ မာမီတို့မရှိတုန်း အေးအေးဆေးဆေး တွေ့ရအောင်လိုက်ခဲ့မယ် မဟုတ်လား.....''
ဒီတစ်ခါတော့ ဂျင်မီက ထိတ်ထိတ်ပြာပြာဖြင့် သူမဖက်သို့လှည့်၍ ပြာပြာသလဲ ပြောလိုက်သည်။ ပင်စီစိတ်ထဲတွင် နဲနဲကျေနပ်သလိုဖြစ်သွားသည်။
''ယူက ဘာဖြစ်လို့ရှယ်လီကို မိတ်ဆက်ချင်ရတာလဲ''

Plus One Shot Collection(အပြာစာအုပ်စုစည်းမူ့)Where stories live. Discover now