အပိုင်း ၂

1.7K 170 4
                                    

Yue Lao ရဲ့မျက်လုံးထဲမှာပန်းနတ်ဘုရားရဲ့သားကပန်း​လေးတစ်ပွင့်နဲ့တူတယ်။

စကားလုံးတစ်လုံး- လှတယ်

စကားလုံးနှစ်လုံး - အလှတရား

စကားလုံးသုံးလုံး - အရမ်းလှပတယ်

စကားလေးလုံး- ကျောက်စိမ်းကဲ့သို့လှပတယ်

Yue Lao ကသူ့လျှာကိုလှိမ့်ပြီး လှည့်ပတ်ပြီးကြည့်လိုက်တယ် ​နှစ်​ထောင်းအားရစွာနဲ့သက်ပြင်းချပြီး "​ပန်းနတ်ဘုရားအိုကြီး မင်းရဲ့ရုပ်ရည်ကအရမ်းစိတ်ပျက်ဖို့ကောင်းတာပဲ ဒါပေမယ့်မင်းရဲ့သားကဘယ်လိုကြည့်ကြည့်အရမ်းကြည့်​ကောင်းတယ်"

ပန်းနတ်ဘုရားငယ်​လေးက ချိုမြိန်စွာပြုံးပြီး“ အဘိုး ယွဲ့​လောင်”

“ ​အရမ်း​ကောင်းတယ် ငါ့ကိုအဘိုးလို့မခေါ်နဲ့ ​
​မွေးစားအ​ဖေလို့ ​ခေါ်ပါ"

ပန်းနတ်ဘုရားငယ်​လေးက“ …မင်္ဂလာပါ ​
မွေးစားအ​ဖေ” ပန်းနတ်ဘုရားငယ်​လေးက သူ့အ​ဖေပန်းနတ်ဘုရားနဲ့မတူဘူး. ..သူကစာအုပ်များစွာဖတ်ဖူးပြီး သူရဲ့စကား​ပြောပုံကလည်းခေတ်နှင့်အညီ​​ပြောတတ်တယ်

"အရမ်းကောင်းတယ်" Yue Lao ကခေါင်းကိုပွတ်လိုက်တယ်“ လာ လာ လာ......မင်းရဲ့​မွေးစားအ​ဖေနဲ့စကားလာ​ပြော မင်းကြိုက်တဲ့ကောင်မလေးရှိလား "

“ ​မွေးစားအ​ဖေ.....​​မွေးစားအ​ဖေကအခုလို​ပြော​တော့အကျပ်ကိုင်ပြီးမူးယစ်​ဆေးအ​ရောင်းဝယ်လုပ်တဲ့လူဆိုးခေါင်းဆောင်နဲ့​တောင်တူ​နေပြီ”

Yue Laoက ပန်းနတ်ဘုရား ကိုလက်ဖက်ရည်ဖျော်ဖို့လွှတ်လိုက်ပြီး ပန်းနတ်ဘုရားငယ်​လေးကိုသူနှင့်အတူထိုင်ခိုင်းလိုက်ပြီး“ ငါ့မှာရွေးခြယ်စရာမရှိဘူး​ ဒါကဒီခေတ်အိမ်ထောင်ရေးပုံစံပဲ​လေ မင်းရဲ့​မွေးစား
အ​ဖေအလုပ်ကမလွယ်ပါဘူး ငါရဲ့တာဝန်ကသူတို့ကို​အောင်သွယ်​ပေးဖို့​လေ သူတို့အမှတ်တမဲ့တွေ့ဖို့​တောင်ငါ့ကူညီဖို့လိုသေးတယ် ဒီရိုးရှင်းတဲ့အလုပ်ကိုလုပ်ရင်းငါ​သေ​တော့မယ်​တောင်ခံစားရတယ်”

ပန်းနတ်ဘုရားငယ်က သူ့အဖေအဝေးထွက်သွားတာကိုမြင်ပြီး“ ​ဧကရာဇ်ကို နောက်ဆုံးသတို့သမီးတွေ့ဖို့ကူညီပေးခဲ့တယ်လို့​ မွေးစားအ​ဖေပြောခဲ့တယ်​​လေ
အောင်မြင်သွားပြီလား "

ပန်းနတ်ဘုရားငယ်နဲ့ဧကရာဇ်(ဘာသာပြန်)Where stories live. Discover now