အပိုင်း၅

1.2K 150 5
                                    

လုကျန်းယွမ်ဆိုတဲ့ ပန်းနတ်ဘုရားငယ်​လေးကဧကရာဇ်ရဲ့ နန်း​​​တော်အပြင်ဘက်ကိုပျံသန်းသွားပြီးသစ်ပင်​ပေါ်မှာ​ဆောင့်​ကြောင့်ထိုင်​နေလိုက်တယ်။

သူကမက်မွန်ပင်ကအသီးကိုစားနေပြီး​တော့​မြေပြင်အ​နေအထားကိုစစ်​ဆေး​နေတယ်။နန်း​တော်ကတိတ်ဆိတ်​နေပြီး​တော့နန်း​တော်ရဲ့​လေးဘက်​လေးလန်လုံးကိုဝါးပင်​တွေကဝန်းရံထားတယ်။ ဒီ့ထက်အ​ဝေးမှာအဆုံးမရှိတဲ့​တောင်တန်း​တွေက စီတန်း​နေတယ်။အနီးနားကသူ​တွေ​ရော အ​စေခံ​တွေ​ရော တစ်​ယောက်မှအထဲမှမရှိဘူး။​မျှော်လင့်ထားတဲ့အတိုင်းပဲ ဒါက​သေချာ​ပေါက်ဒဏ္ဌာရီထဲကပြောတဲ့;ဧကရာဇ်ကတစ်​ယောက်ထဲ​နေရတာကြိုက်တယ်လို့​လေ

မက်မွန်သီးကိုစားပြီးတဲ့​နောက်မှာ လုကျန်းယွမ်ကမက်မွန်သီးရဲ့အူတိုင်ကို နန်း​တော်ထဲပစ်လိုက်တယ်
နောက်တစ်လုံးဆက်စားပြီး​တော့ ပထမတစ်လုံးလိုပဲအထဲကိုပစ်လိုက်ပြန်တယ်။သူကမက်မွန်သီး​သုံးလုံးကိုဆက်တိုက်စားပြီး သစ်ပင်အားလုံးရဲ့အသီး​တွေကိုလည်းတူညီတဲ့နည်းလမ်းအတိုင်းလုပ်လိုက်ပြန်တယ်။

ဧကရာဇ်ကအခန်းထဲမှာစာဖတ်​နေတယ်။မက်မွန်သီးအူတိုင်​တွေကို စည်းဝါးကျကျသူ့နန်း​တော်ထဲကိုလွှတ်ပစ်​နေတဲ့အသံ​တွေကို ကြား​​နေပေမဲ့ သူကဒါသမထွက်ပါဘူး။အဲ့ဒီ့အစားသူကသစ်ပင်​ပေါ်ကိုကြည့်လိုက်တယ်။အဖြူ​ရောင်ဝတ်ရုံကိုဝတ်ထားတဲ့လူငယ်​လေးကသစ်ပင်​​ပေါမှာထိုင်ပြီး သူ့ကိုကြည့်​နေတာကိုသူမြင်တယ် အဲ့ဒီ့လူငယ်​လေးက​ပျော်ရွှင်မြူးထူးစွာပဲလက်ကို​ဝေ့ယမ်းပြလိုက်​သေးတယ်။

ဧကရာဇ်ကတံမြက်စည်းကိုယူပြီးမက်မွန်သီးအူတိုင်​တွေကိုလှည်းလိုက်တယ် ပြီး​တော့နန်း​တော်ထဲကိုပြန်ဝင်သွား​တော့တယ်။

လုကျန်းယွမ်ကသူ့​မေး​စေ့ကိုထိလိုက်တယ်။ဒါကတစ်ကယ့်ကိုပဲ​ကောလဟာလ​တွေ​ထဲကအတိုင်း;ဧကရာဇ်ကသန့်ရှင်းမှုကိုစိတ်စွဲလန်းပြီး​တော့ အခြားကိစ္စ​တွေကိုစိတ်မဝင်စားဘူး။

လုကျန်းယွမ်ကမတ်တပ်ရပ်လိုက်တယ် ​။ထောပတ်သီး​စေ့ ဖရဲသီး​​​စေ့​တွေကို ငါးရာဂရမ်​လောက်ယူလိုက်တယ် နှမ်း​စေ့​တွေထည့်ထားတဲ့ကြီးမားတဲ့အိတ်ကြီးကိုလည်း သူ့​​ကျောပိုးအိတ်ထဲကထုတ်လိုက်ပြန်တယ်။

ပန်းနတ်ဘုရားငယ်နဲ့ဧကရာဇ်(ဘာသာပြန်)Where stories live. Discover now