အပိုင်း ၁၃.၁

967 115 8
                                    

လူအိုကြီးက အဖြူ​​ရောင်လက်ကိုင်ပုဝါနဲ့သူ့နဖူးကို သုတ်လိုက်တယ်။အိပ်ရာ​ပေါ် မှာလဲနေရင်း သူမျက်ရည်​တွေနဲ့​အော်ဟစ်လိုက်တယ်"ငါအဆုံးသတ်သွားပြီ ငါအဆုံးသတ်သွားပြီ ​ကောင်းကင်ဘုံကငါ့ကိုအပြစ်​ပေး​နေပြီပဲ!"

ပန်းနတ်ဘုရားငယ်​လေးက သူ့မွေးစားအ​ဖေကိုအထင်​သေးတဲ့အကြည့်နဲ့ ကြည့်လိုက်ကာ"ပြသနာ​သေး​သေး​လေးကို ​မွေးစားအ​ဖေတစ်ကယ်ကြီး​မေ့လဲသွားတယ်လား"သူ ဘိုင်ရှီရဲ့ခါးကို တို့လိုက်ရင်း"​မွေးစားအ​ဖေအတွက် ​ရေနည်းနည်းငှဲ့​ပေးလိုက်ဦး"

ဘိုင်ရှီ ​ရေ​နွေးပူ​တွေကိုခွက်အပြည့်ငှဲ့ပြီး လူအိုကြီးကို​ပေးဖို့​ကိုင်ထားတယ်။

ဧကရာဇ်ရဲ့​နွေး​ထွေးတဲ့လက်​တွေက ပူ​နေတဲ့ခွက်ကို ကိုင်ထားတာကိုယွဲ့​လောင်မြင်တဲ့အခါ ​သူနောက်ထပ်ငိုချင်သွားတယ်။

လူအိုကြီးက တုန်ရီ​နေပြီး သူ့​ခေါင်းကိုမ​မော့ရဲဘူး။

ဘိုင်ရှီ ဒါကိုမြင်တဲ့အခါ သူကအကူညီမဲ့စွာပဲ​မေးလိုက်တယ်"​မွေးစားအ​ဖေ ကျွန့်​တော်ကို​ကြောက်​နေတာလား?"

ငါကမင်းကိုမ​ကြောက်ဘူးကွ ငါကပန်းနတ်ဘုရားအိုကြီးကို​ကြောက်တာ!အာစွတ်ရုံလောက်သာ သောက်ပြီးတဲ့​​နောက်မှာ သူ့သတ္တိ​တွေပြန်ရလာတယ်လို့ခံစားရတယ်"မဟုတ်ပါဘူး.. ဧကရာဇ်က ကျန်းယွမ်အ​ပေါ် ​ကောင်း​နေသ​ရွေ့ ဒီ​မွေးစားအ​ဖေမှာထင်မြင်ချက်မရှိပါဘူး"

ဘိုင်ရှီရဲ့အသံကအများကြီးနူးညံ့သွားပြီး"ဒါ​ပေါ့ ကျွန်​တော်သူ့အပေါ် ​ကောင်းမှာပါ"

လူအိုကြီးကသူ့​ခေါင်းကို အနည်းငယ်​​မော့ပြီး ဧကရာဇ်ကိုကြည့်လိုက်တယ်။ဧကရာဇ်ရဲ့ပုံမှန်​​အေးစက်​နေတဲ့မျက်နှာက နူးညံ့သွားတာကို သူမြင်လိုက်တဲ့အခါ ဒါကတစ်ကယ်ကိုချစ်ရတာကအပြစ်ပဲလို့သူထင်တယ်။ဧကရာဇ်ကသူတို့ကို​မြှောက်ပင့်​ပေးပြီး အချိန်အကြာကြီးကစားခဲ့တာလို့ထင်ခဲ့တာ။

လူအိုကြီးကမတ်တပ်ထရပ်လိုက်တယ်။

ဒါက ဂုဏ်ယူစရာပဲ ဒါကတစ်ကယ်ကိုဂုဏ်ယူစရာပဲ
ဧကရာဇ်က ငါ့ရဲ့​ချွေးမဖြစ်လာတယ်!!

ပန်းနတ်ဘုရားငယ်နဲ့ဧကရာဇ်(ဘာသာပြန်)Where stories live. Discover now