အပိုင်း ၁၀

943 114 8
                                    

လုကျန်းယွမ်ရဲ့စိတ်အားထက်ထက်သန်သန်နဲ့သူ့​နောက်လိုက်​နေတာနဲ့ပတ်သက်ပြီး ဘိုင်ရှီစိတ်အရမ်းရှုပ်​ထွေး​နေတယ်။သူကတကယ်ကို​အေးစက်တဲ့လူဆိုတာသူသိတယ်။သူ့ သူငယ်ချင်း​တွေလာလည်ရင်​​တောင်မှ အခြားသူဆယ်​ကြောင်း​ပြောရင် သူကမလိုအပ်တဲ့စကားတစ်ခွန်းကိုမှမ​ပြောဘူး။ဒါ​ကြောင့်လည်း သူ့ သူငယ်ချင်း​တွေကသူ့ကိုမကြာခဏ​တွေ့ဖို့မလာကြဘူး သူတို့​က​တော့ သူကပျင်းစရာ​ကောင်းတယ်လို့​ပြောကြတယ်။

ဟုတ်တယ်.....ပျင်းစရာ​ကောင်းတယ်။​ကလပ်​တွေနဲ့ ဂိမ်း​​တွေကခု​ခေါတ်မှာနာမည်ကြီးတယ်လို့ကြားတယ် ဒါ​ပေမဲ့လည်း သူက​တော့ဓါးကစားတာနဲ့စာအုပ်ဖတ်ရတာကြိုက်​နေတုံးပဲ။သူ့ရဲ့​နေ့စဥ်လှုပ်ရှားမှုမှာပျော်စရာ​တွေမရှိဘူး။

သို့​​သော်လည်း လုကျန်းယွမ်ကဒီမှာ လဝက်​လောက်​ရှိပြီ။လုကျန်းယွမ်က​​သူ့ကိုယ်ကို​ဖျော်​ဖြေနိုင်စွမ်းရှိကတည်းက သူ​နေ့တိုင်းပျင်းတယ်လို့မခံစားရ​တော့ဘူး။သူကသူ့ရဲ့ဟင်းချက်စွမ်းရည်ကိုပြပြီး ဘိုင်ရှီရဲ့ဓါးစွမ်းရည်နဲ့လဲလှယ်တယ်။ဖြစ်နိုင်တာက​တော့ သူကငယ်ရွယ်​နေလို့ပင်။

 ဒီအ​​ကြောင်း​ကို​တွေးရင်းနဲ့ ဘိုင်ရှီအိပ်ခန်းကိုပြန်လာခဲ့တယ်။လုကျန်းယွမ်ကအိပ်​နေတုံးပဲ ဒါ​ပေမဲ့သူအခုဒါကိုသုံးဖို့လိုတယ်။သူကသူ့ကုတ်ကိုချွတ်လိုက်ပြီးအိပ်ရာဆီကိုသွားလိုက်တယ် လုကျန်းယွမ်နိုးမှာကို​စောင့်​နေလိုက်တယ်။ 

ပန်းနတ်ဘုရားငယ်​လေးကအရမ်းစိတ်လှုပ်ရှားသွားတယ်။သူကအရမ်းရင်ဖိုဖို့​ကောင်းတာပဲ!သူ့နှလုံးသားကိုငြိမ်သက်​အောင်ထားလိုက်တယ် လုကျန်းယွမ်လိမ့်ပြီးထိုင်လိုက်တယ်။

ဘိုင်ရှီမီးကျွမ်း​နေသလိုခံစား​နေရတယ်။သူ့ရင်ဘက်ကိုထိကာ သူ့သွားကိုကြိတ်လိုက်ပြီး"မင်းရဲ့အဝတ်စား​တွေဘယ်မှာလဲ?"

လုကျန်းယွမ်ကတိုးတိုး​လေး​ပြောလိုက်တယ်
"မရှိဘူး"

"မင်း....!"ဘိုင်ရှီရပ်လိုက်ပြီး "ကိုယ့်အိပ်ရာကထွက်သွား" 

"မသွားချင်ဘူး"

"ထွက်သွား"ဘိုင်ရှီရဲ့​လေသံဟာပြင်းထန်လာတယ်။

ပန်းနတ်ဘုရားငယ်နဲ့ဧကရာဇ်(ဘာသာပြန်)Where stories live. Discover now