အပိုင်း၁၁

937 116 4
                                    

ယွဲ့​လောင်အလွန်စိတ်လှုပ်ရှား​နေတယ်။လုကျန်းယွမ်ရဲ့​နောက်​ကျောကိုဆွဲလိုက်ရင်း"လူပျိုဖြစ်​နေတုံးပဲမလား?"လုကျန်းယွမ်ရဲ့​နောက်ကိုသူကြည့်လိုက်တယ်။"ဧကရာဇ်က မင်းနဲ့အတူမလာဘူးလား?"

 "မလာဘူး"လုကျန်းယွမ်ထိုင်ချလိုက်တယ်။

"အ​ကောင်းဆုံးပဲ!"လူအိုကြီးကထခုန်လိုက်ပြီးလက်ခုပ်​တောင်တီးလိုက်​သေးတယ်။

 "ဒါ​ပေမဲ့"လုကျန်းယွမ်သစ်သီးပန်းကန်ထဲက မက်မွန်သီး​တွေကိုယူလိုက်တယ်။

"ဆယ်ရက်အတွင်း ဧကရာဇ်က ကျွန်​တော်တို့ရဲ့တံခါး​​​ရှေ့ကိုလာလိမ့်မယ်" 

"ဘာလို့ငါတို့တံခါးလဲ?မင်းတစ်ခုခုခိုးခဲ့လို့လား?"

"ဟုတ်တယ်"လုကျန်းယွမ်သူ့​ခေါင်း​ပေါ် သူ့လက်ကိုထားလိုက်ရင်း "ကျွန်​တော် သူ့နှလုံးသားကိုခိုးခဲ့တယ်။သူ​ကျိန်း​သေ ကျွန်​တော့်ဆီကယူဖို့လာလိမ့်မယ်။"

လူအိုကြီးကနှာမှုတ်လိုက်ကာ"မြန်မြန် ​ဆေး​ကြောပြီးအိပ်​တော့ လာလို့​နေ့ခင်း​ကြောင်​တောင်ကြီး အိမ်မက်မက်​နေတာလဲ?"

 တစ်ရက်နေ့မှာ ပန်းနတ်ဘုရားငယ်​လေးက သူ့​မွေးစားအ​ဖေရဲ့မုတ်ဆိတ်ကိုဆွဲရင်း သစ်သီးပန်းကန်ထဲကသစ်သီးအားလုံးကိုစားလိုက်တယ်။

 ဧကရာဇ်က​​တော့ ​စော​စောထပြီး ဘာမှမပါတဲ့ဆန်ပြုတ်ကို​သောက်ပြီး​တော့ စာအုပ်ဖတ်တယ်။

နှစ်ရက်​နေ့မှာ ပန်းနတ်ဘုရားငယ်​လေးက လူအိုကြီးကို ဖူးစာကြိုးနီ​အချို့ကို ကူဆက်​ပေး​နေတယ် ဒါ​ပေမဲ့ သူ့ရဲ့အာရုံစိုက်မှုက ကြိုး​တွေချည်တဲ့ဆီမှာ​ရောက်မ​နေဘူး။လူအိုကြီးကအဲ့ကြိုးနီ​တွေကို ပြန်​ဖြေလို့မရ​တဲ့အခါ သူကအရမ်းစိတ်ဆိုးသွားပြီး​တော့ လုကျန်းယွမ်ရဲ့​ခေါင်းကိုထုလိုက်​တော့တယ်။

 ဧကရာဇ်ကလည်း​စော​စောထတယ် ပြီးရင်​တော့ဘာမှမပါတဲ့ဆန်ပြုတ်ကို​သောက်ပြီး စာဖတ်တယ်။

သုံးရက်နေ့မှာ ပန်းနတ်ဘုရားငယ်​လေးက လူအိုကြီးနဲ့ ဖရဲ​စေ့​တွေစားရင်း "​လေနန်း​တော်ရဲ့ ဥက္ကဌ " နဲ့
"​ကျောက်စိမ်းအင်ပါယာရဲ့ ချစ်​ရေးချစ်ရာအ​ကြွေးများ" ကိုကြည့်​နေခဲ့ကြတယ်။

ပန်းနတ်ဘုရားငယ်နဲ့ဧကရာဇ်(ဘာသာပြန်)Where stories live. Discover now