အပိုင်း၃

1.4K 155 2
                                    

ယွဲ့​လောင်ကလိင်တူချစ်သူအမျိုးသားများအကြောင်းကိုသိသည်။

ဒါ​ပေမဲ့ ယွဲ့​လောင်ကပန်းနတ်ဘုရားငယ်​လေးကိုလိင်တူချစ်သူဖြစ်ဖို့သဘောမတူချင်ဘူး

" မင်းအ​ဖေ ဒီအ​ကြောင်းကိုသိရင်ဘယ်လိုလုပ်မလဲ" ယွဲ့​လောင်ကသူ့ကိုအသံတိုးတိုး​လေးနဲ့သတိပေးလိုက်တယ် ပန်းနတ်ဘုရားက အရမ်း အရမ်းကိုမှ​ရှေးရိုးဆန်တဲ့သူဖြစ်တယ် " ဒါ့အပြင် ဧကရာဇ်ကမင်းအဖေထက်နှစ်တစ်ထောင်ပိုကြီးတယ်​နော်"

"ဒါပေမယ့်ဧကရာဇ်က အရမ်းခန့်ငြားတယ်!"

"ဘာခန့်ငြားတာလဲ" ယွဲ့​လောင်ကသူရဲ့အိတ်ကပ်ထဲကစာအုပ်ကိုထုတ်လိုက်တယ် စာအုပ်​ခေါင်းစဥ်က《အေးစက်သောနှလုံးသားရှိတဲ့ဥက္ကဌက ငယ်ရွယ်တဲ့ညီမ​လေးကိုဖျား​ယောင်းခြင်း》ပဲဖြစ်တယ်
"မင်းတို့လူငယ်တွေရဲ့မျက်လုံးထဲမှာ ဒီလိုမျက်နှာ​အ​ကြောသေနဲ့ ဟိန့်ဟန်များပြီး လျစ်လျူရှု ဂရုဏာကင်းမဲ့တဲ့ဇာတ်ကောင်နဲ့ ဧကရာဇ်ကတူတယ်မဟုတ်လား"

" မဟုတ်ဘူး ဧကရာဇ်ကအရမ်းအံ့သြဖို့ကောင်းတယ် သူ့ရဲ့ကိုယ်ခံပညာကလည်းမြင့်မားတယ် သူကသန့်ရှင်းစင်ကြယ်ပြီးအရှုပ်တော်ပုံ​တွေလည်းမရှိဘူး သူကငါ့အတွက်အရမ်းသင့်တော်တယ်"

" ကိုယ်ခံပညာကဘာ​ကောင်းလို့လဲ လူ့အဖွဲ့အစည်းကိုဥပဒေကအုပ်ချုပ်နေပြီဖြစ်လို့ ငြိမ်းချမ်းရေးကအဓိကပဲ" ဟု ​ပြောလိုက်ပြီးယွဲ့​လောင်ကသူ့ရင်ဘက်ထဲက​နေ《ဧကရာဇ်၏မသိ​သေး​သောအချစ်ရေး》 စာအုပ်ကိုထုတ်လိုက်တယ်"ဧကရာဇ်ကသန့်ရှင်းစင်ကြယ်တယ်လို့​​တော့ငါမထင်ပါဘူး "

"​နေပါဦး!" ပန်းနတ်ဘုရားငယ်​​လေးက -"​မွေးစားအ​ဖေ မင်းဒီလိုစာအုပ်မျိုးတွေကိုတကယ်ဖတ်ဖူးတာပဲ ကျွန်​တော်အားလုံးကိုပြောပြလိုက်မယ် "

ယွဲ့​လောင် ကအလျင်မြန်ဝှက်ထားလိုက်ပြီး" ဘာပဲဖြစ်ဖြစ်ငါသဘောမတူဘူး မင်းတို့နှစ်ယောက်ကိုငါ​အောင်သွယ်မ​ပေးနိုင်ဘူး "

"အိုး?" ပန်းနတ်ဘုရားသေးသေးလေးက ယွဲ့​လောင် ရဲ့မုတ်ဆိတ်ကိုအားနဲ့ဖမ်းဆွဲလိုက်ပြီး "အခုကောဘာဖြစ်လဲ"

ပန်းနတ်ဘုရားငယ်နဲ့ဧကရာဇ်(ဘာသာပြန်)Where stories live. Discover now