Side Story

1.3K 154 10
                                    

မြောက်ပင်လယ်မင်းသမီးက ဧကရာဇ် ပန်းနတ်ဘုရားငယ်​လေးနဲ့လက်ထပ်​တော့မယ်ဆိုတာကိုကြားခဲ့တယ် ဒါ​ကြောင့်သူမကပြသနာရှာခဲ့တယ် ဧကရာဇ်ကို သူမကိုပါနန်း​တော်ထဲမှာလက်ထပ်ဖို့ငိုယိုပြီး​တောင်းဆိုခဲ့တယ်။သို့​​သော်လည်း ဧကရာဇ်ကလုံးဝ ဂရုမစိုက်ပါဘူး။

 လုကျန်းယွမ်ဒီအ​ကြောင်းကိုကြားတဲ့အခါ အ​ပြေးလွှားသွားပြီး သူမရဲ့မျက်ရည်​တွေကိုခံဖို့ ပုလင်းတစ်လုံး​ပေးကာ"မငိုပါနဲ့ အမကြီးရဲ့မျက်လုံး​တွေဖူး​ရောင်​နေပြီ"

နတ်ဘုရား​တွေကညည်းညူလိုက်တယ်:ဒီက​လေးက နူးညံ့ပြီး နှစ်လိုဖွယ်​ကောင်းတယ် ဧကရာဇ်ကသူ့ကို
သ​ဘောကျတာ အံ့သြစရာမဟုတ်​တော့ဘူး! သူ့ချစ်သူက မင်းသမီးကို အစိမ်း​ရောင်ငရုတ်​ကောင်း​​ဖျော်ရည်ကို​ပေးလိုက်တယ်ဆိုတာ ဘိုင်ရှီသာလျှင်သိတယ်။

မဂ်လာဖိတ်စာ​တွေကို အပြင်ကိုပို့​တော့ ​ကောင်းကင်ဘုံနန်း​တော်က အရမ်းစိတ်လှုပ်ရှားသွားကြတယ်။

နှစ်​ထောင်​ပေါင်းများစွာကြာပြီး​နောက်မှာ ဧကရာဇ်ဆီက မဂ်လာဖိတ်စာကိုရတာဟာ တကယ်ကြီးရှားပါးတဲ့အရာပဲ။

ယွဲ့​လောင်က​​တော့အ​ပျော်ဆုံးလူသားဖြစ်တယ် သူက 'တိုင်းဘိုင်ဂျင်ရှင်း' မဂ်လာပွဲတက်တာကိုမြင်တဲ့အခါ သူမျက်နှာက ပြုံးဖြဲဖြဲဖြစ်သွားတယ်။သူက သူ့အပိုင် 'တိုင်တင်ယွမ်'ကိုထုတ်လုက်ပြီး​​ပေးလိုက်တယ်"လူအိုကြီးဘိုင် မင်းအခု သက်ရှည်​ဆေး​တွေကို ငါ့ကိုတိုက်ရိုက်​ပေးနိုင်တယ်​နော်။ဧကရာဇ်က အခုငါ့​ချွေးမ​လေ"

တိုင်းဘိုင်ဂျင်ရှင်းက​တော့ သူ့ရဲ့အရှက်မရှိမှုအတွက် သုံးကြိမ်သုံးခါအပြစ်တင်ခဲ့တယ်။

ဧကရာဇ်ကအထူးသဖြင့် လုကျန်းယွမ်ကိုဖက်ထားကာ ပန်းနတ်ဘုရား​​လေးရဲ့ခန္ဓါကိုယ်အပူကိုသူ့ဆီ​ပြောင်း​​နေစဥ် ဇီးသီးကိတ်ကိုစားရတာနှစ်သက်တယ်။
တစ်ခါတုံးက လုကျန်းယွမ်ကပျင်း​ရိ​နေပြီး ဧကရာဇ်ဇီးသီးကိတ်စား​နေတာကိုကြည့်​နေတယ် ဧကရာဇ်က ဇီးသီးကိတ်ကိုပြန်ချလိုက်ပြီး"ဒါကအရသာမရှိဘူး"

ပန်းနတ်ဘုရားငယ်နဲ့ဧကရာဇ်(ဘာသာပြန်)Where stories live. Discover now