အပိုင်း၆

1.1K 146 3
                                    

ပန်းနတ်ဘုရားငယ်​လေးကဒီလို​တွေးလိုက်တယ်:
ဘိုင်ရှီရဲ့အသက်ကနှစ် ထောင်​ချီကျော်နေပြီ သူဘာ​ကြောင့်singleဖြစ်​​နေ​သေးတာလဲ?သိသိသာသာကိုပဲ ဘာ​ကြောင့်လဲဆို​တော့သူ့ရဲ့EQက​တော်​တော်နိမ့်ပြီး ​ဖြောင့်မတ်တဲ့လူဖြစ်တယ်

ဒီလိုဖြောင့်မတ်တဲ့လူတစ်​ယောက်ကိုဥာဏ်အလင်း
ပွင့်​စေဖို့ဆိုတာကအရမ်းကိုခက်ခဲတယ်။သူ​နောက်ထပ်နှစ်တစ်​ထောင်​စောင့်ရင်​တောင်မှသူကဒါကိုနားလည်ဦးမှာမဟုတ်​သေးဘူး ဒါ​ကြောင့်ပန်းနတ်ဘုရားငယ်​လေးကသူ့ကိုပွင့်ပွင့်လင်းလင်းပိုးပန်းမယ်လို့ဆုံးဖြတ်ထားတယ်။

 ဒါကဘိုင်ရှီရဲ့ပွင့်လင်းတဲ့လူနဲ့ပထမဆုံးအကြိမ်​တွေ့ဖူးခြင်းဖြစ်တယ် သူကရယ်ရမလားငိုရမလားဆိုတာမသိ​တော့ဘူး"ကိုယ်ဘယ်သူလဲမင်းသိလား?"

 "ကျွန်​တော်သိတာ​ပေါ့ ခင်များကဧကရာဇ်​လေ"
လုကျန်းယွမ်ကသူ့နှုတ်ခမ်းကိုဖိလိုက်ပြီး"ကျွန်​တော်ကပန်းနတ်ဘုရားငယ်​လေ ခင်များကျွန်​တော့်ကို
လုကျန်းယွမ်လို့​ခေါ်လို့ရတယ်"

  ဘိုင်ရှီသူ့​ခေါင်းကိုပွတ်လိုက်ပြီး"မင်းကိုယ့်ကိုမ​ကြောက်ဖူးလား?"

"ဘာ​ကြောင့်ကျွန်​တော်ခင်များကို​ကြောက်ရမှာလဲ?ခင်များကရုပ်လည်းမဆိုးဘူး​လေ"လုကျန်းယွမ်ကနှင်းဆီပန်း​တွေနဲ့လက်စွပ်တစ်ကွင်းကိုပြုလုပ်လိုက်ရင်း"ဒီမှာ ခင်များအတွက်"

ဘိုင်ရှီကအဲ့ဒါကိုလက်မခံလိုက်ဘူး"ကိုယ့်မှာလက်ထပ်ပြီးဇနီးတစ်​ယောက်ထားဖို့အစီစဥ်မရှိဘူး"

 "ဒါကကိစ္စမရှိပါဘူး ခင်များကျွန့်​တော်ကိုလက်ထပ်လို့ရတာပဲ"

"......"ဘိုင်ရှီဟာ​ပြောစရာစကားမဲ့သွားတယ်"ကိုယ်မင်းကိုလည်းယူဖို့အစီစဥ်မရှိဘူး"

လုကျန်းယွမ်ကဒီတို​တောင်းတဲ့ကာလ​လေးအတွက်တမင်ရည်ရွယ်ပြီးခမ်းနားကြီးကျယ်ပြီး သမာသမတ်ကျတဲ့ပုံစံနဲ့(အရှက်မရှိတာကို​ပြောချင်တာပါ)​ပြောလိုက်တယ်"ခင်များကျွန့်​တော်​နောက်ကိုဘာဂုဏ်ပုဒ်မှမရှိဘဲလိုက်ချင်တယ်ဆိုရင်ဒါကအဆင်​ပြေတယ် ခင်များပြန်ထွက်သွားလို့မရဘူး!"

ပန်းနတ်ဘုရားငယ်နဲ့ဧကရာဇ်(ဘာသာပြန်)Where stories live. Discover now