အပိုင်း ၄၁

14K 984 132
                                        

Unicode

🔞 🔞

ရှောင်ဟန်က ကျိုးယွင်ကို သူနေတဲ့ အခန်းရှေ့ရှိရာကို  ခက်ခက်ခဲခဲပင် တွဲခေါ်ခဲ့ရသည်။
ဒီလို မူးရူးပြီး ဘာဆိုဘာမှ သိပုံမရတော့တဲ့ ကျိုးယွင်ကို အိမ်တော်ဆီ ပြန်ပို့ဖို့ဆိုတာ သူ့အနေနဲ့
လုံးဝ မဖြစ်နိုင်။
ညနေတုန်းက အကောင်းပကတိကြီး ရှိနေခဲ့တဲ့ ကျိုးယွင်က ညရောက်မှ သူ့စနစ်ကြောင့် လူမှန်းသူမှန်းမသိအောင် မူးရူးပြီး Club တစ်ခုလုံး သောင်းကြမ်းခဲ့တယ်ဆိုတာကို မွေးစားအဖေသိရှိသွားလို့ လုံးဝမဖြစ်ပေ။
ဒီကိစ္စကို မွေးစားအဖေဘက်က ဘယ်လို တုန့်ပြန်လာမလည်းဆိုတာ သူလည်း မခန့်မှန်းတတ်တဲ့အတွက် အကောင်းဆုံးနည်လမ်းအနေနဲ့ ဒီကောင်လေးကို သူနေတဲ့ တိုက်ခန်းဆီကိုသာ ခေါ်လာခဲ့ဖို့ကို ဆုံးဖြတ်ချက်ချလိုက်မိတာဖြစ်သည်။

အခုချိန်မှာတော့ ကျိုးယွင်က ရေချိန်ကိုက်နေပြီဆိုတာကို သူ သေချာသိနေတာကြောင့် သူတို့နှစ်ဉီးကြားမှာ မလိုလားအပ်တဲ့ ပြဿနာတွေလည်း ထပ်ပြီးကြုံတွေ့လာနိုင်မှာ မဟုတ်ပေ။

ရှောင်ဟန်က အခန်းကုပ်နံပါတ်ကို ခပ်မြန်မြန်သာ ရိုက်(နှိပ်)ထည့်လိုက်ရသည်။
မြန်မြန်မရိုက်လို့လည်းမရပေ။ကျိုးယွင်က ဓာတ်လှေကား စီးလာခဲ့တဲ့ တစ်လျောက်လုံးတွင် သူ့ဘက်ကိုဘဲ ပိုတိုးပြီး မှီရပ်ခဲ့တာကြောင့် ကျိုးယွင်ကိုတွဲခိုထားခဲ့တဲ့ သူ့ပုခုံးညာဘက်ခြမ်းတစ်ခုလုံးသည်က ကိုင်ရိုက်ထားသလို ညောင်းညာကိုက်ခဲနေပြီဖြစ်သည်။
ကနဉီးကတည်းက ကျိုးယွင်ရဲ့ မဆင်မခြင်လုပ်ရပ်ကြောင့် စီယာတိုင်နဲ့ စောင့်မိလိုက်တဲ့ ခါးတစ်ခြမ်းက ယခုတွင်တော့ ပိုပြီး အောင့်သက်သက်ဖြစ်ကာ နာကျင်နေရပြီဖြစ်သည်။

ရှောင်ဟန်က သူ့အတွေးနဲ့သူ အခန်းကုပ်နံပါတ်ကို ရိုက်ထည့်နေလေတာကြောင့် ကျိုးယွင်ရဲ့ ရမ္မက်ထန်နေတဲ့ မျက်ဝန်းအကြည့်တစ်ချက်နဲ့ ထိန့်လန့်စရာကောင်းလှတဲ့ အပြုံးကြီးကို မမြင်မိလိုက်ပေ။
ရှောင်ဟန်သာ သတိထားမိပါက ကျိုးယွင်ရဲ့ နှုတ်ခမ်းတစ်ဖက်က သိသိသာသာကွေးတက်သွားတာကို မြင်နိုင်ပေလိမ့်မည်။ကျိုးယွင်ရဲ့ မဟူရာရောင်သန်းနေတဲ့ မျက်ဝန်းနက်တစ်စုံက ထိုအခိုက်တန့် ခဏလေးအတွင်းမှာပင် ရှောင်ဟန်ထံတွင်သာမြဲမြံနေလျက် ရှိသည်။

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now