ရေခဲပြင်လိုနှလုံးသား

271 33 168
                                    

ရှားလော့နဲ့လီယမ်တို့ကိုခဏနားပြီး
လူးဝစ်လေးနဲ့ ဒက်ဒီဟုမ်း တို့ဘက်ခဏလှည့်မယ်နော် ^^

ရှားလော့နဲ့လီယမ်တို့ကိုခဏနားပြီးလူးဝစ်လေးနဲ့ ဒက်ဒီဟုမ်း တို့ဘက်ခဏလှည့်မယ်နော် ^^

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

**********************
Unicode!!!

ဗြိတိန်အင်ပါယာ လန်ဒန်မြို့မှာ တော့ လူတွေက တစ်ခုခုကိုအကြိတ်အနယ်ဆွေးနွေးနေကြလေတယ်

"ငါတို့ရှေ့ကဖြတ်သွားတဲ့ မြင်းလှည်းတွေ့တယ်မလား အဲ့ဒါက မိုက်ခရော့ ဟုမ်းရဲ့လှည်းပဲ"

"ဟုမ်းဆို ငါတို့ရဲ့ စုံထောက်ကြီး ရှားလော့ရဲ့အစ်ကိုမလား "

"သေချာတာပေါ့ သူလည်းသနားစရာပဲ
တစ်ဦးတည်းသော ညီသေတာမှမကြာသေးဘူး ခုလည်းဘုရင်မရဲ့အလုပ်တွေကိုအကုန်တာဝန်ယူနေရပြန်ပြီ"

"အဲ့ဒါ ရာဇဝတ်အရှင် ရဲ့အရှုပ်ထုပ်တွေကြောင့်ပဲလေ "

အချိန်တွေက ဒီရေတွေလို အကုန်မြန်ပေမယ့်
လူသားတွေကတော့ စာအုပ်တစ်အုပ်ကိုဆို အဖုံးလောက်ပဲ မြင်တတ်တဲ့အကျင့်ကမပျောက်သေးပါလား

ခမ်းနားတဲ့လှည်းအတွင်းမှာထိုင်နေတဲ့ မိုက်ခရော့က ဒီလိုပဲတွေးမိလိုက်တယ် ။

"အရင်ကတော့ အထက်တန်းလွှာ တွေကိုမုန်းနေတဲ့လူတွေက အခုကျ ရာဇဝတ်အရှင် ကို
ထိုးနှက်ကြပြန်ပြီ
လောကကြီးက တကယ်ပဲကြောက်စရာပါပေတကား!

အဲ့ဒီနောက်မှာ
သူ့အတွေးထဲ အတိတ်ကအရာတွေပါ တားဆီးမရပဲထပ်ဝင်လာပြန်တယ်

"မိုက်ခီ ကျွန်တော်ကြီးလာရင် ပင်လယ်ဓားပြကြီးလုပ်မှာသိလား "

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က သူ့ကိုမြင်တိုင်း
ရယ်မောတတ်တဲ့ ကောင်လေးတစ်ယောက်ရဲ့ပုံရိပ်တွေ
ထစ်ခနဲဆိုအငိုသန်တဲ့ကလေးတစ်ယောက်
ရဲ့ ငိုသံတွေ သူ့နဲ့တူတူ မိုက်မဲတဲ့ဉာဏ်စမ်းတွေ ဖြေရင်း ရန်ဖြစ်နေကျ တစ်ဦးတည်းသောညီငယ်

ရာဇဝတ်အရှင်Where stories live. Discover now