(Heavyဖြစ်တဲ့စကားမပါပဲပေါ့ပေါ့ပါးပါးလေးရေးထားတာပါ)
အပ်ပုဒိတ်လေးလာပါပြီ💖Uni ver
နယူးရော့ခ်မြို့"
ဒီနေ့ဟာ ဝီလီယမ်ဂျိမ်းမော်ရီအာတီက အတွက်ဘဝသစ်ကိုလျှောက်လှမ်းမည့်ရက်ဖြစ်သည်။
"ဆေးရုံကနေဆင်းလို့ရပါပြီ ဂုဏ်ယူပါတယ်"
မိမိအား ဝမ်းသာစွာဖြင့်အကြောင်းကြားလာသော နာ့စ်လေးရဲ့စကားကြောင့် အလိုလိုနေရင်းသူပါရင်ထဲတလှပ်လှပ်ဖြစ်လာခဲ့တယ်။
"မစ္စတာ ဝီလီယမ် အစားများများစား ပြီး ကျန်းမာအောင် နေပါနော်"
သတိရခါစထက်စာရင် အများကြီး သက်သာလာတယ်ဆိုသော်ငြားအခုအချိန်ထိ တော့ လမ်းလျှောက်တုတ် သုံးနေရဆဲဖြစ်နေတာမလို့ အရင်လိုတော့လွတ်လွတ်လပ်လပ်သွားလို့မရသေး။
နေရာသစ် ဘဝသစ်....
ပိတ်ကားအလွတ်ကဲ့သို့ဖြစ်နေတဲ့လူတစ်ယောက်အနေနဲ့ ဘယ်လိုဆေးခြယ်ရပါ့။
မစ္စတာ ဝီလီယမ်.....မစ္စတာဝီလီယမ်...
နာစ့်မလေးရဲ့ အဆက်မပြတ်ခေါ်သံကြောင့်သူအတွေးအိမ်ထဲက ထွက်လာလိုက်ရပြီး
ဟိုလေ.... ကျွန်မတစ်ခုမေးချင်လို့ဖြစ်မလား
"ဟုတ်ကဲ့"
"မစ္စတာ ဝီလီယမ်ဆေးရုံတက်နေတုန်းက ခဏခဏ လာကြည့် တဲ့ပုဂ္ဂိုလ်နဲ့အတူတူနေမှာလား "
မိမိရဲ့မျက်ဝန်းနီတွေကိုစိုက်ကြည့်ရင်း အတည်ပေါက် မေးလာတဲ့မိန်းကလေးကြောင့် ဝီလီယမ်ဟာမနေတတ်ဟန်ဖြင့်မျက်နှာကိုနည်းငယ်လွှဲလိုက်တယ်။
တစ်ဖက်မိန်းကလေးကတစ်ခုခုကို ထပ်ပြောချင်နေပုံဖြင့် ဆံပင်ကိုလက်တစ်ဖက်ဖြင့်ဆော့နေတယ်။
ဟ်ို...ဖြစ်နိုင်မယ်ဆိုကျွန်မနဲ့..."
လီယမ်က ငါနဲ့တူတူနေမှာ!!
မထင်မှတ်ထွက်လာတဲ့အသံကျယ်ကျယ်ကြောင့် သူတို့လန့်သွားရတယ်။
တံခါးဝနားက လက်ပိုက်ကာစိုက်ကြည့်သောရှားလော့ဟုမ်းဟာ တစ်ခုကို မကျေနပ်တဲ့ပုံပဲ။
YOU ARE READING
ရာဇဝတ်အရှင်
FanfictionMoriarty the patriot anime/Mangaထဲမှcharacterများ၏ fanficသက်သက်သာဖြစ်ပါကြောင်း manga Lnက ဇာတ်လမ်းနှင့် မသက်ဆိုင်ပါ#