မင်းမသိသေးတဲ့ကမ္ဘာသစ်ဆီမှာ

275 30 126
                                    

AN //ဒီficလေး က NOV လအစပိုင်းက အလှူအတွက် လုပ်ခဲ့ကြတဲ့
2D fanfic projectလေးမှာလည်းပါခဲ့ဖူးတာမလို့ သိတဲ့လူကလည်းသိလိမ့်မယ်ထင်ပါတယ် ။^^
အဲ့ဒီprojectအတွက် အစအရာရာကူညီပေးခဲ့ကြတဲ့သူအားလုံးကိုလည်း အရမ်းကိုကျေးဇူးတင်ပါတယ်လို့။

Unicode!

လန်ဒန်မြို့တွင်ဟိုးလေးတစ်ကျော်ဖြစ်ခဲ့ရသော ရာဇဝတ်အရှင် နှင့် စုံထောက်ကျော် ရှားလော့ခ်ဟုမ်းတို့ သေဆုံးပြီးနောက် လေးလမြောက် ဖြစ်၏။

၁၉၀၉ခုနှစ်၊နယူးယောက်မြို့

ကမ္ဘာအသစ်ဟု တင်စားခေါ်ဝေါ်ကြသောအမေရိကန်ပြည်ထောင်စုထဲက ​အထင်ကရမြို့တော်။

အမေရိကန်၏ အမှတ်အသားလည်းဖြစ်သော လေဘာတီရုပ်တုဟာဖြင့် လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေး၏ပြဂုဂ်ဆိုလည်း ဟုတ်မှန်ချေ၏။

ထိုကဲ့သို့ငြိမ်းချမ်းသောမြို့ထဲတွင် ​အရပ်ခြောက်ပေခန့်မြင့်သောလူတစ်ဦးနှင့် ထိုသူထက် အတော်အတန်နိမ့်သောအရပ်အမောင်းနှင့်ကောင်လေး တို့ကဘေးချင်းကပ်လျှောက်လာကြ၏။

"ဒီနေ့လည်း ပျင်းစရာကောင်းတာပဲ "

ထူးခြားတဲ့အရိုးခေါင်းပုံလက်စွပ်ကိုဝတ်ဆင်ထားပြီး နက်ပြာရောင် ဆံပင်လှိုင်းတွန့်တွေကို
ပိုနီတေးစည်းထားသောသူက
စီးကရက် တစ်လိပ်ကို စိတ်ပျက်လက်ပျက်ဖွာရင်း သူ့ဘေးက ကောင်လေးတစ်ယောက်ကို လှမ်းပြီးအထွန့်တက်၏။
အနှီပုဂ္ဂိုလ်၏ စကားကိုကြားတော့ ကောင်လေး က မျက်မှောင်ကြုံ့လိုက်ရင်း

"ဒီမှာ...ခင်ဗျား အခုလိုက်ခဲ့တဲ့ အမှုကလူက ဘယ်သူလဲသိလား ".

ထိုလူကနှုတ်ခမ်းပါးတွေကြားက စီးကရက်ကို လက်ဖြင့် ဟန်ပါပါဖြုတ်ရင်းပြန်ဖြေလိုက်သည်မှာတော့

"ပျင်းစရာကောင်းတဲ့ လူသတ်မှုကိုကျူးလွန်တဲ့ရာဇဝတ်သားလား"

သူ့ပုခုံးကျော်ရုံလောက်အရပ်အမောင်း
ရွှေရောင်မကျ ပန်းရောင်မကျဆံပင်နှင့်
မျက်ဝန်းပြာပြာ ပိုင်ရှင် ကောင်လေးက
တံတောင်နဲ့ သူ့ကျောပြင်ကိုမနာအောင် တွတ်ရင်း

ရာဇဝတ်အရှင်Tahanan ng mga kuwento. Tumuklas ngayon