ငါရဲ့ဝိဉာဥ်က မင်းနဲ့အတူတူ

270 34 124
                                    

Unicode!!
Hai ဒီတစ်ခါ ကတော့ မော်ရီအာတီ မိသားစုက သားအကြီးဆုံး ကော်ရီး အဲလ်ဘတ် ဂျိမ်းစ် မော်ရီအာတီအခန်းလေးပါ

🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀

ဘဝမှာမိမိနဲ့ တူညီတဲ့ဝိဉာဥ်မျိုးနဲ့ရေစက်ဆုံရတာဟာ အဲလ်ဘတ် ဂျိမ်းစ် မော်ရီအာတီ အတွက်တော့ ဆုလာဘ်တစ်ခုပဲ

လွန်ခဲ့တဲ့ ဆယ့်သုံးနှစ်က မိဘမဲ့ကလေးနှစ်ယောက်နဲ့ တွေ့ဆုံခြင်းက သူ့ဘဝတစ်ခုလုံးကိုပြောင်းပြန်လှန်ခဲ့တယ်ဆိုတာ ဘယ်သူကများထင်မိမှာပါလိမ့်။

ဒီနေ့ကတော့ အဲလ်ဘတ်က အိမ်မှာ မိသားစုနဲ့အချိန်ဖြုန်းမယ်ဟုတွေးမိတယ်
သွေးသားမတော်စပ်ပေမယ့်လည်း ညီအရင်းလိုချစ်ရတဲ့ ညီငယ်လေးနှစ်ယောက်ကိုလည်း
ဂရုစိုက်ရန် ဆိုတဲ့ အကြံဉာဏ်နဲ့ပေါ့

စားပွဲပေါ်မှာ ကတော့ ထုံးစံအတိုင်း သူသဘောကျတဲ့ ဝိုင်လေး တစ်ပုလင်းရယ်
ရှန်ပိန်လိုနီစွေးစွေး နှုတ်ခမ်းထက်မှာတော့
လှပတဲ့ဝိုင်ခွက်လေးကိုတေ့ထားတယ်

"အစ်ကိုကြီး ဒီတစ်ခါ ဝိုင် က အသစ်လား "

သူ့နားကိုဘယ်ထဲကရောက်နေမှန်းမသိတဲ့
ညီအငယ်ဆုံးလေး လူးဝစ် ဂျိမ်းစ် မော်ရီအာတီ ။ ဒီနေ့တော့ သူပြောတဲ့အတိုင်းအိမ်မှာပဲနေမှာမလို့ လူးဝစ်က ဝတ်ဆင်နေကျ မျက်မှန်လေးပါဖြုတ်ထားတယ်
ပြီးတော့လက်ထဲတွင်တော့ တံမြက်စည်းလေးတစ်လက် ။
လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က သူ့ကိုမြင်လျှင် ရန်သူလိုမျက်စောင်းတထိုးထိုးနဲ့ ကလေးက
ခုတော့ အသက်လေးက နှစ်ဆယ်ကျော်လာတော့ ရင့်ကျက်လာတာ အမှန်ပင်

"လူးဝစ် အစ်ကို့ဘေးလာထိုင်လေ"

"မဟုတ်တာ ကျွန်တော့်လက်ကဖုန်တွေနဲ့
အစ်ကိုကြီးပဲအေးအေးဆေးဆေးနေပါ"

"ဒီကလေး ငါက အသန့်အရမ်းကြိုက်လို့ဆိုပြီး မလာရဲတာမလား "

လူးဝစ်က မပြုံးစဖူး သူ့ကိုပြုံးပြရင်း

"အဲ့ဒီလိုဆိုလည်း မမှားပါဘူးလေ "

ထို့နောက်လူးဝစ်က အဲလ်ဘတ်ပြောတဲ့အတိုင်း ဘေးနားမှာနေရာယူ၏။
ပြီးတော့ လုပ်နေကျအတိုင်း သူ့ကိုဝိုင်ငှဲ့ပေးဖို့ကြိုးစားတာမြင်တော့

ရာဇဝတ်အရှင်Where stories live. Discover now