Mon premier amour

253 27 60
                                    

အပ်ပုမဒိတ်တာကြာပြီမလို့ အဟဲ ဒါကတော့Short storyလေးပါ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အပ်ပုမဒိတ်တာကြာပြီမလို့ အဟဲ
ဒါကတော့Short storyလေးပါ။

Brooklyn, New York //

ယနေ့ကျမှထူးဆန်းစွာနဲ့ဝီလီယမ်ဟာအစောကြီးနိုးလာခဲ့တယ်။
ပုံမှန်ဆိုရင် စောစောနိုးတတ်တာဟာ ရှားလော့ဟုမ်း ဖြစ်ပြီးနောက်ကျမှ ထတတ်တဲ့သူ့ကိုအမြဲလိုလိုလာနိုးစမြဲဲ ဖြစ်၏။

ထို့အပြင်ရှားလော့ကိုယ်တိုင်ဖျော်ပေးတဲ့ ပြင်သစ်ကော်ဖီခါးခါးနဲ့ လတ်လတ်ဆတ်ဆတ်လုပ်ပေးထားသောပေါင်မုန့်က ဝီလီယမ်အနှစ်သက်ဆုံးပင်။

ဝီလီယမ်ဟာကိုယ့်အတွေး ကိုယ်သဘောကျသွားပြီး သူကိုယ်တိုင်တောင်သတိမထားမိခင်လေးမှာပဲ နှုတ်ခမ်းပါးလေး တွေကပြုံးမိလျက်သား။

ထို့နောက် လှပတဲ့ကြက်သွေးနီရောင်မျက်ဝန်းကိုဝန်းရံထားတဲ့
ရွှေအိုရောင်မျက်တောင်တွေကိုပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ဝီလီယမ် က ဘေးဘီဝဲယာကိုအကဲခတ်လိုက်တယ်။

အား အခုမှ မနက်မိုးလင်းခါစအချိန်ပဲရှိသေးတာကိုး။

သို့သော်လည်း
ပြန်လည်းအိပ်ချင်စိတ်အလျင်းမရှိတာမလို့
ဝီလီယမ်ဟာ အိပ်ခန်းထဲကနေ ထွက်လာခဲ့လိုက်တယ်။

သူ့အိပ်ခန်းရဲ့ဘေးခန်းက တော့အခုထိအပ်ကျသံတောင်မကြားရအောင် တိတ်ဆိတ်နေတုန်း ။

သူများအိပ်နေတာကို ဒီလိုမျိုးဝင်ပြီးစူးစမ်းတာကရိုင်းပျတဲ့အပြုအမူ ပေမယ့် ဝီလီယမ်ဂျိမ်းစ်းမော်ရီအာတီဟာ သူယခင်ကမသိတဲ့ စုံထောက်ကျော်ရဲ့ထူးခြားချက်ကိုသိချင်တာမလို့ ခွင့်ပြုချက် မတောင်းပဲ တိတ်ဆိတ်စွာဝင်လာခဲ့သည်။

တစ်ဖက်က ဝင်လာတာကိုသတိမထားမိတဲ့အလား နှစ်ခြိုက်စွာအိပ်ပျော်နေတုန်းဖြစ်တဲ့ ရှားလော့ဟုမ်း ဟာ ခွေးပေါက်လေး တစ်ကောင်လို ချစ်ဖို့ကောင်းတယ်လို့မြင်မိတယ်။

ရာဇဝတ်အရှင်Where stories live. Discover now