Study of Sherlock (Ending)

137 21 134
                                    

"ငါ့အကြောင်း ကဘာမှမထူးဆန်းဘူး

ဒီလိုဆိုရင်တောင်မှ မင်းကသိချင်တုန်းပဲ လား။"

ကြည်လင်ပြတ်သားစွာထွက်လာတဲ့ အသံသြရှရှဟာ ဝီလီယမ်ရဲ့နားထဲတွင်တော့ မိုးဇတ် ရဲ့တေးသွားတစ်ပုဒ်လိုချိုမြိန်တယ်။

သူ့ရဲ့မျက်လုံးတွေထဲထိ ကြည့်နေတဲ့ရှားလော့ဟုမ်းရဲ့ ဉာဥ့်နက်ရောင်မျက်ဝန်းတွေက
စိတ်လှုပ်ရှားမှု ကြောင့်ထင်ရဲ့။
ကြယ်တာရာတွေလိုလင်းလက်နေတယ်။

ဝီလီယမ်ကသူ့ရဲ့အပေါ်စီးကနေ ကြင်နာစွာကြည့်နေတဲ့ဤယောကျာ်းကိုတစ်ချက်မှအလွတ်မပေးပဲ တစ်စက္ကန့်တိုင်းကို စိတ်ထဲတွင် မှတ်နေမိတယ်။

နဖူးပေါ်သို့ကပိုကရိုကျနေတတ်တဲ့ဆံနွယ်များ၊ စကားပြောလိုက်ရင် ပေါ်လာတဲ့သွားစွယ်လေးတွေဟာ ဝီလီယမ် ဘယ်အချိန်မြင်မြင် သဘောကျနေမိတတ်တယ်။

ရှားလော့ဟုမ်းက သူ့ရဲ့နဖူးပေါ်သို့ လက်ကိုတင်လိုက်ရင်း

"ငါ့မိသားစုက ပြင်သစ်ကဆိုတာတော့မင်းသိမယ်ထင်ပါရဲ့။ ငါ့မွေးရပ်က Northridingဘက်ကပေါ့"

မင်းလိုဗဟုသုတရှိတဲ့ လူကတော့အဲ့ဒီနေရာက ဆွေကြီးမျိုးကြီးတွေနေတဲ့ နေရာမဟုတ်ဘူးဆိုတာသိမယ်ထင်တယ်။"

အင်း

ဝီလီယမ်က ထောက်ခံရင်း ဖြေးညင်းစွာခေါင်းငြိမ့်ပြတော့ရှားလော့ဟုမ်းကစကား ဆက်ပြော၏။

"ငါကငယ်ငယ်က လူအရမ်းကြောက်တယ်။
ထစ်ခနဲရှိရင် အော်ငိုတတ်တယ်။ တစ်ခုခုဆို
ရှက်တတ်တဲ့အကျင့်ကြောင့် ဘယ်သူကမှငါ့ကိုသူငယ်ချင်းမလုပ်ချင်ကြဘူး။

အခုမင်းတွေ့နေတဲ့ငါနဲ့ဆို လုံးဝကိုဆန့်ကျင်ဘက်ပဲပေါ့"

ရှက်တတ်တယ် ဆိုတဲ့ စကားကြောင့်ဝီလီယမ်က ထပ်မံပြီးလက်ခံသလို ခေါင်းထပ်ငြိမ့်တယ်။

"ငါ့ဆီမှာထူးခြားတဲ့ပါရမီတစ်ခု ကတော့
လူတွေရဲ့အမူအကျင့်ကိုကောင်းကောင်းအကဲခတ်တာပဲ၊
အဲ့ဒီအကျင့်ကြောင့် ငါ့ကိုကျောင်းကလူတွေကမသတီသလို ရွံသလိုလုပ်သွားကြတယ်။
အမှန်တရားကိုသူတို့လက်မခံနိုင်ကြဘူးလေ

ရာဇဝတ်အရှင်Where stories live. Discover now