Mystery makes me crazy🚨

314 24 143
                                    

(A/N)
smut chမလို့ အသက်မပြည့်တဲ့သူ/ ဖတ်လို့အဆင်မပြေတဲ့သူဆိုကျော်သွားကြပါဗျိုး။✴

🙏

(ရှေ့အခန်းကခရစ်စမတ်chအဆက်လို့လည်းပြောလို့ရပါတယ်)💁

Baker လမ်း//

ရှားလော့ဟုမ်းကို ဒီညအတွင်းမခေါ်လာနိုင်ရင်ခင်ဗျားလက်ဆောင်မရဘူးမှတ် "

လူးဝစ်ဂျိမ်းစ်မော်ရီအာတီရဲ့ ပြတ်သားတဲ့အမိန့်ပေးသံ။

ငါ့ဘဝကလည်း အိမ်ဖော်မကြီး လုံးလုံးကိုဖြစ်လို့

ဆေဘတ်စ်ရှန်မိုရမ်က သူ့ဘဝသူ မကျေမနပ်ရေရွတ်ရင်း ဘာလိုလိုနဲ့ 221B ရှေ့တောင်ရောက်နေပြီလေ။

မိုရမ်က တံခါးမခေါက်ခင် မိမိကိုယ်ကိုအရင်သပ်ရပ်စွာ ပြင်ဆင်ရင်း အခုသူ့ကြောင့် ရှားလော့ဟုမ်းကိုနှောင့်ယှက်မိသလိုများဖြစ်သွားမလားလို့ အားနာစိတ်ဝင်လာတယ်။

သို့သော် ကံမကောင်းစွာဖြင့် အိမ်ကသခင်အသစ် ကပိုမိုပြီးကြောက်ဖို့ကောင်းတာမလို့
အလုပ်ကိုပဲပြီးမြောက်အောင်လုပ်ဖို့ဆုံးဖြတ်ချက်ချလိုက်လေသည်။

ခဏနေတော့

တံခါးလာဖွင့်ပေးတာကတော့ ရှားလော့ဟုမ်းကိုယ်တိုင်ပင်။

"အဟမ်း ဟုမ်း...."

မိုရမ်ဟာ ချောင်းတစ်ချက်ဟန့်ရင်း စကားစရန်ကြံတော့ စုံထောက်ကျော်က လက်ကာလိုက်ပြီးနောက်

ဒီအချိန် ကြီး ရောက်လာပုံ၊ခင်ဗျားရဲ့လေသံအရဆို လူးဝစ်ကတစ်ခုခု​ပြောလိုက်ပုံပဲ
အဲ့ဒါကလီယမ်နဲ့ပတ်သက်တာပဲဖြစ်လိမ့်မယ်"

ဒီကောင်ဘာဆေးတွေများစားလို့ စောက်ရမ်းဉာဏ်ကောင်းနေရတာလဲ

မိုရမ်ကစိတ်ထဲကရှားလေယ့ကိုကြိတ်ချီးကျူးလိုက်တယ်။

"မင်းသိနေရင်လည်းစကားမရှည်ပဲငါ့နောက်လိုက်ခဲ့တော့ ဟုမ်း"

ရှားလော့ဟုမ်းသည် အနည်းငယ်ကြာစဥ်းစားပြီးနောက်ခေါင်းငြိမ့်ကာ အိမ်တွင်းသ်ို့အသံကျယ်ကျယ်ဖြင့်လှမ်းအော်ရင်း

"ဂျွန်...မစ်ဟဒ်ဆန်....ဒီနေ့ညကျွန်တော်ပြန်မလာတော့ဘူးနော်"

"မမေဘေး....မင်းကိုလူးဝစ်က တစ်နာရီလောက်ပဲခွင့်ပြုမှာ ဘာကိစ္စနဲ့တစ်ညလုံးနေမှာလဲ"

ရာဇဝတ်အရှင်Where stories live. Discover now