Mystery makes me crazy (part 2)

186 16 126
                                    

အပ်ပုဒိတ်လေးပြန်လာပါပြီ😺

🎻🎻🎻🎻🎻🎻🎻🎻🎻

လန်ဒန်မြို့ ဘေကာလမ်း 221B

ဒေါက် ဒေါက်!!

ဂျွန်ဟာ အခန်း တံခါးက်ို အသာခေါက်လိုက်သည်။
ဒါပေမယ့် အထဲကဘာမှတုံ့ပြန်သံ စိုးစိမှတောင်မကြားရ။

ဟင်း....အခုမှ မနက် ၉နာရီပဲ ရှိသေးတာပါ
မစ်ဟဒ်ဆွန်ကတော့ ရှားလော့ရှိတယ် လို့တော့သေချာပြောသွားတာပဲကို

အင်္ကျီအိတ်ကပ်ထဲက နာရီလေးကိုဖွင့်ကြည့်ရင်း ဂျွန်က နောက်တစ်ခါ ထပ်ခေါက်သည်။

ရှားလော့...မင်းရှိလား

တစ်ဖက်မှဘာမှပြန်မဖြေ။

ဂျွန်လည်းအင်မတန်စိုးရိမ်သွားရပြီး အသံကျယ်ကျယ်နဲ့ ရှားလော့ဟုမ်းကို
ထပ်ခေါ်ကြည့်တယ်။

ဟေ့ကောင် ရှားလော့ရေ...ငါ့ကိုလည်းတံခါးဖွင့်ပေးဦး၊

တံခါးကိုအဆက်မပြတ်ထုနေရင်း ပါးစပ်ကလည်းအဆက်မပြတ်လှမ်းအော်မှပဲ အထဲက ခြေသံတရှပ်ရှပ်ကို ကြားရတယ်။
နောက်မကြာခင်မှာ တံခါးမဖွင့်ချင်ဖွင့်ချင်ပုံစံနဲ့ ဂျွန်ရဲ့မျက်စိရှေ့ကို ပေါ်လာသော ချစ်မိတ်ဆွေကြီး ရှားလော့ဟုမ်း

ဘယ်လောက်တောင် ဆိုးရွားတဲ့ပုံစံပါလိမ့်

ဒါဟာ ဂျွန်ရဲ့စိတ်ထဲက မှတ်ချက်တစ်ခုသာဖြစ်တယ်။ အဘယ်ကြောင့်ဟုဆိုရလျှင်
လွန်ခဲ့တဲ့ တစ်လကျော် သူတို့နှစ်ဦး နောက်ဆုံးတွေ့ချိန်အထိ ရှားလော့ဟာ ပျော်ရွှင်နေခဲ့တာပဲမလား။ ခရစ်စမတ်မလို့ ဂျွန် နဲ့ ဇနီးဖြစ်သူ မေရီ ကိုတောင် ကိတ်မုန့်လေးလုပ်ပေးခဲ့သေးသည်မဟုတ်လား။

ဤကဲ့သို့ ခွေးဆွဲရင်တောင် ဒေါင်ဒေါင်မြည်နေမည့် ရှားလော့ဟုမ်းကို ဒီလိုထိ ဆွဲချနိုင်တဲ့ အကြောင်းရင်းက ဘာပါလိမ့်။

ဂျွန်ဟာ တစ်ယောက်တည်း အတွေးနဲ့ဗျာများနေတုန်း တံခါးဘုသီးကို ကိုင်ရင်း ခေါင်းငိုက်စိုက်တဲ့ရှားလော့ဟာ ဂျွန်ကို မျက်နှာချင်းတောင်မဆိုင်ပဲ အိမ်ထဲ ပြန်လှည့်သွားသည်။

ရှုပ်ပွနေတဲ့ဆံပင်၊ မျက်နှာက်ိုသေချာမမြင်ရသေးပေမဲ့  ရေမချိုးရသေးတာ သုံးလေးရက်လောက်ရှိမယ်ထင်ရတဲ့ပုံစံ အရ ဒင်းတစ်ခုခု ဖြစ်နေတာသေချာပြီ ဟု တွက်လိုက်ပြီး ဂျွန်လည်း မိတ်ဆွေဝတ္တရားပီသစွာဖြင့် ရှားလော့ဟုမ်း ကို လှမ်းခေါ်လိုက်သည်။

ရာဇဝတ်အရှင်Kde žijí příběhy. Začni objevovat