Intro & Part 1

2.2K 107 7
                                    

စစချင်းပြောချင်တာကတော့ vminကို historical typeအနေနဲ့ရေးတာ ရှားတယ်ရယ် vmin ficရေးတဲ့လူသိပ်မရှိတာ‌ရယ်ကြောင့်ရေးဖြစ်သွားတာပါ။ကိုယ်ဖတ်ချင်တဲ့ပုံစံအတိုင်းရေးထားတာကြောင့် လိုအပ်ချက်တွေအမှား‌ေတွရှိနေနိုင်ပါတာမို့ ဖြည့်ပြီးဖတ်ပေးဖို့တောင်းဆိုပါတယ်။

ကိုးရီးယားသမိုင်းအကြောင်း ဘုရင်တွေအကြောင်းကို အနည်းငယ်ဖတ်ပြီးမှ ရေးထားတာကြောင့်
ဖြစ်ရပ်မှန်ရော fictionဆန်ဆန်ရောပါနေနိုင်ပါတယ်။ဟဲဟဲ ဒါဆိုဖတ်လိုက်ရအောင်
____________________________________

Gong(seme)- Taehyung
Shou(uke)-Jimin

Taehyungကအေးစက်စက်နဲ့ ချစ်သူမျက်နှာတစ်မျက်နှာကြည့်တဲ့ပုံစံမျိုးပါ။
Jiminက ခက်စွာနဲ့ ချွဲတတ်တဲ့ပုံစံမျိုးပါအပိုင်းက၁၀/၁၂အထိဘဲဖြစ်ဖို့များပါတယ် အရှည်ကြီးမဟုတ်ပါဘူး HEမို့ စိတ်ချလက်ချတာဖတ်ပါ။
_______________________________

Sunjo မင်းကြီးဆိုတာ ကိုးရီးယား Joseonမင်းဆက်ရဲ့၂၃ဆက်မြောက် ဘုရင်ဖြစ်တယ်။သူ့ကို1790 Julyမှာ တော်ဝင်အိမ်ရှေ့စံမင်းသား (ရီဂေါင်) ဘွဲ့နဲ့မွေးဖွားလာသူလည်းဖြစ်တယ်။တော်ဝင်အိမ်ရှေ့စံဘွဲ့အဖြစ်မွေးဖွားလာသူဖြစ်ပေမဲ့ မိဖုရားခေါင်Yoon၏သားတော်မဟုတ်။ မင်းကြီး Jeongjo နဲ့ ကိုယ်‌လုပ်တော် Laby Subin တို့၏ ဒုတိယသားတော်ဖြစ်တယ်။ မင်းကြီး Jeongjoက သားတော်တွေများအနက် Sunjoကိုသာ အလွန်အမင်း မြှောက်စားလေ့ရှ်ိတယ်။ ငယ်ရွယ်စဉ်က
မနာလိုသူများပေါများတာ‌ေကြာင့်ခဏခဏဆို ခြိမ်းခြောက်ရန်ရှာတာကို
ခံရတတ်တယ်။ သို့သော် မည့်သူမျှ Sunjoမင်းသားအားအသက်အန္တရာယ် ထိခိုက်အောင် မပြုလုပ်နိုင်ချေ။ နန်းတော်၏ဟော်ကိန်းထုတ်ဆရာက Sunjo မင်းသားသည် နောင်တစ်ချိန်တွေ (၆)ပြည်တောင် ဘုရင် ဖြစ်လိမ့်မည်ဟု ဟော်ကိန်းထုတ်ခဲ့တယ်။ထိုပြင် Sunjoမင်းသားသည်ကောင်းကင်ဘုံ၏သားတော် ဇာဝာာအဖြစ် မွေးဖွားလာသောလူဖြစ်၍ sunjoမင်းသားအနားမှာ နတ်သူငယ်များကစောင့်ရှောက်သည်ဟူ နန်းတော်အတွင်းသတင်းပျံ့ခဲ့သည်။ ဘုရင် Jeongjo ကံကုန်သောအခါ Sunjo သည် ဘုရင်အရိုက်အရာကိုခံယူခဲ့သည်။

Sunjoမင်းကြီးနန်းတတ်ပြီး၅နှစ်အတွင်း
ဟော်ကိန်းအတိုင်း (၆)ပြည်တောင်ကိုအောင်အောင်မြင်မြင် သိမ်းယူ အုပ်ချုပ်နိုင်ခဲ့သည်။ မင်းကြီးSunjoသည် Queen Sunwooနဲ့လက်ထပ်ခါ မိဖုရားခေါင်အရိုက်အရာအဖြစ်ထားရှိပြီး သားတော် တစ်ပါးနှင့်သမီးတော်တစ်ပါး ထွန်းကားခဲ့တယ်။ထိုပြင် ဒုတိယမိဖုရား(မိဖုရားငယ်) Bin Hongနဲ့ သားတော်တစ်ပါးမွေးဖွားခဲ့သည်။အခြားသော မောင်းမ ကိုယ်လုပ်တော်များရဲ့ကလေးများကို မင်းကြီး Sunjo မျက်နှာသာပေးခြင်းမရှိ။နန်းပြင်ရှိအိမ်တော်တွေမှာတာနေခိုင်းစေခဲ့သည်။မိဖုရားငယ် Bin Hongကို ပြည်နယ်ရေးရာကိစ္စများကို အာဏာလွဲပေးခဲ့သည်အထိ မျက်နှာသာပေးခဲ့သည်။
မင်းကြီးSunjo၏ မျက်နှာသာပေးခြင်းခံရသောသားတော်နှစ်ပါးအနက်
မိဖုရားခေါင်Suno၏သားတော်ကို အိမ်ရှေ့စံအဖြစ်ထောက်ခံသောအဖွဲ့နှင့်  မိဖုရားငယ် Bin Hongရဲ့သားတော်ထောက်ခံသည်အဖွဲ့ ဆိုပြီးနန်း‌တော်တွင်နှစ်ဖွဲ့ရှိတယ်။မင်းကြီး Sunjoသည် ထိုအကြောင်းအရာကြောင့် မင်းသားနှစ်ပါး၁၈နှစ်ပြည့်မှာတာ အိမ်ရှေ့စံအရာကို ခန့်အပ်ဖို့ စီစဉ်မည်ဟု အမိန့်တော်ထုတ်ခဲ့သည်။

The King & His God [VMIN]Where stories live. Discover now