Part 8

366 43 0
                                    

ဂျီမင်နိုးလာတော့ ကိုယ်ပေါ်မှာစေးကပ်မှုမရှိတာမို့ သန့်ရှင့်ရေးလုပ်ပေးသည်ကိုသိလိုက်ရတာကြောင့်ရင်ထဲကြည့်နူးမိသည်။ ထယ်ယောင်းမျက်နှာကိုလက်နဲ့ဖွဖွလေး ကိုင်လိုက်တယ်။မျက်ခုံးမွှေးကိုပွတ်ပြီး မျက်နှာကို တဆိမ့်ဆိမ့်ကြည့်နေလိုက်တယ်။ မျက်နှာပေါ်ကထိတွေ့မှုကြောင့် ထယ်ယောင်းနိုးလာခဲ့တယ်။

"နိုးနေတာကြာပြီလား ကလေး"
"အွန်း...." အသံကခက်အက်အက်ထွက်လာကြောင့် ဂျီမင်အတွက် သောက်ဖို့ရေထယူပေးလိုက်သည်။

"‌ဒီနေ့ ညီလာခံရှိတယ်မလား မသွားဖူး‌လား နောက်ကျနေပြီ"
"‌ကလေးအနားမှာဘဲနေမှာ ညီလာခံကဘယ်အချိန်လုပ်လုပ် လုပ်လို့ရတယ်"
"အွန်း...ရေချိုးမှာမို့လို့ ချီသွားပေး"
"ကောင်းပြီ"

__________________________

မနက်ခင်းတစ်ခင်းလုံး ကိုကိုက သူနားမှာဘဲနေပေးပြီးမှ ညနေ့ဘက်မှ ညီလာခံကိုသွားတယ်။

"မြောင်နိုင်ငံက မင်းသမီး(၂) ကကိုယ်‌တော်တို့တိုင်းပြည်မှာ ဆေးပညာ‌ေလ့လာဖို့ လာမယ်လို့ပြောတယ် ဒါကြောင့် ကိုယ်တော်တို့ဘက်က ဂရုတစိုက်ကြိုဆိုပေးရမယ်"
"အမိန့်တိုင်းပါ မင်းကြီး"
"နောက်တခုက ဧကရီခန့်အပ်မှုအပေါ် ဆူပူမှုက လက်တလော ဖမ်းမိထားတဲ့ နှစ်‌‌ယောက်ရှိတယ် မြို့တော်တရားရုံးမှာ မနက်ဖြန် ကိုယ်တော်ကိုယ်တိုင် တရားစီရင်မယ်"
"မှန်လှပါ "
"တင်ပြစရာမရှိတော့ရင် ညီလာခံသိမ်းမယ်"

___________________________

ညီလာခံအပြီး အိပ်ဆောင်ပြန်တော့ ဂျီမင်ကိုမတွေ့တာ‌ကြောင့် "ဝူမင် ဧကရီရော"
"‌အနောက်ဘက်ပန်းခြံကိုသွားပါတယ်"
ဂျီမင်ရှိရာ ပန်းခြံဆီသွားလိုက်တော့ ပန်းပင်တွေကြားမှာ ထိုင်ပြီး ခေါင်းလေးလှုပ်လှုပ်နဲ့ ချစ်စဖွယ်ကောင်းလွန်းသည်။
"ကလေး"
"ပြန်လာပြီလား စောင့်နေတာ"
"ဘာထိုင်လုပ်နေတာလဲ"
" ဟီး...သရဖူ လုပ်နေတာ"
"ဘယ်သူအတွက်လဲ"
"ကိုကိုအတွက်"
"အပြင်အမှာအရမ်းမနေနဲ့ လေစိမ်းတွေတိုက်နေတာ ဖျားမယ်"
"ခဏလေးပါ "
"အွန်း..ဒါနဲ့ နောက်နေ့ကျရင် မြောင်နိုင်ငံက မင်းသမီးက ကိုယ်တို့တိုင်းပြည်ကိုအလည်လာဖို့ရှ်ိတယ်"
"ဘယ်နိုင်ငံကဘယ်သူကြီးလဲ"
"ကလေးမသိလောက်ဘူး ဧည်သည့်တစ်ယောက်ပေါ့"
"အွန်း..."
"ကိုယ်တို့ကသွားကြိုရမှာ"
"ကိုကိုကလား"
"မဟုတ်ဘူး လူလွှတ်ပြီးကြိုရမှာ"
"အော်"
"မြောင်နိုင်ငံက မုန့်တွေစားချင်သေးလား ကလေးစားချင်ရင် သွားကြိုမဲ့လူတွေကို ကိုယ်ဝယ်လာခိုင်းလိုက်မယ်"
"မစားဖူးတော့ မသိဘူး ဒါပေမဲ့စားချင်တယ်"
"ဟုတ်ပါပြီဗျာ"
"ဒန်ဒန်ဒန်~~ ပြီးပြီ ကိုကိုဆောင်းကြည့်"
ပန်းပွင့်တွေနဲ့လုပ်ထားတဲ့သရဖူကိုဆောင်းပေးလိုက်သည်။
"ကိုယ်သဘောကျတယ်"
"သရဖူကိုလား"
"အွန်း လုပ်‌ေပးလူကိုရောဘဲ"

The King & His God [VMIN]Where stories live. Discover now