Part 2 Uni & Zawgyi

692 73 3
                                    

Zawgyiကအောက်မှာပါပါတယ်။

"ဝူမင်"
"မိန့်တော်မှုပါ အရှင့်သား"
"မင်းနဲ့ငါနဲ့က ငယ်ငယ်ကလေးကအတူတူကြီးလာတာ အဲလိုစကားတွေမပြောပါနဲ့ဆို ငါစကားကိုအလေးမထားတာလား"
"မဟုတ်ရပါဘူး အရှင့်သား နန်းတွင်းစည်းကမ်းအရကြောင့်ပါ"
"‌ဝူမင် ဒီကနေ နယ်စပ်ကိုသွားဖို့ကဘယ်နှစ်ရက်ကြာလဲ"
"ခန့်မှန်းချေ ၃ရက်၄ရက်လောက်ပါ"
"ကြာလွန်းတယ် မြန်မြန်ရောက်ချင်တာ"
"ဗျာ"
"တစ်လမ်းလုံးမနားဘဲ သွားရင် တစ်ရက်အတွင်းရောက်လား"
"အရှင့်သား ညဘက်တွေမှာ နယ်စပ်
မရောက်ခင် လမ်းမှာ ဓားပြတွေသောင်းကျန်းနေတယ်လို့ သတင်းရ‌ထားတာကြောင့် မရပ်မနားဘဲသွားဖို့မသင့်ပါဘူး"
"ကောင်းပြီး ဒါဆို မမှောင်ခင် အရောက်သွားမယ်"
"ဗျာ!!!"
တကယ်အရှင့်သားကို ဝူမင်နားမလည်နိုင်တော့ဘူး ဘာကြောင့်ဒီလိုဆူပူမှုဖြစ်‌နေတဲ့နေရာကိုမြန်မြန်ရောက်စေချင်နေတာလဲဆိုတာ.....

_______________________________
"အရှင့်သား အရှေ့နားမှာ တည်းခို‌ဆောင်ရှိပါတယ် လူဝင်လူထွက်များတဲ့နေရာမို့ သတင်းတခုခုတော့ရနိုင်တယ် "
"ကောင်းပြီ အဲမှာဘဲ ထည်းကြတာပေါ့ နောက်ပြီးဝူမင်ငါကို အပြင်မှာ အရှင့်သားလို့မခေါ်နဲ့"
"ဟုတ်ကဲ့ပါ သခင်လေး"

ထယ်ယောင်းရောက်နေတဲ့နေရာ မြို့တော်နှင့်အတော်အဝေးသည့် နယ်စပ်နားဖြစ်သည် ဆင်းရဲသားလူတွေနေထိုင်သောမြို့လည်းဖြစ်တယ်။

ထည်းခိုဆောင်တွေ

"သခင်လေးတို့ လာပါ ဘာစားမလဲ"
"ခေါက်ဆွဲနှစ်ပွဲပေးပါ"
"ဟုတ်ကဲ့"
"ခဏလေးနေအုန်း ရော့ ဆူပူမှုဖြစ်နေတဲ့အကြောင်းမင်းသိသလောက်ပြော" ဝူမင်က စားပွဲထိုးကရွှေစပေးလိုက်တယ်
"သခင်လေးတို့က ဒီမြို့ကိုအခုမှရောက်ဖူးတာလား ပြောရင်တော့ မြို့စားမင်းက သာမန်ထက်ပိုသော အခွန်ငွေကို ကောက်ခံရမှာစပြီး ဆူပူမှုတွေဖြစ်လာတာ။ ပြည်သူတွေကအခွန်ကိစ္စကိုမတတ်နိုင်ကြောင်းပြောရမှာ မြို့စားမင်းအိမ်တော်အား ခဲနဲ့ပေါက်ကြတယ် အဲတော့ မြို့စားမင်း အဲလူတွေကို ကြိမ်ဒဏ်ပေးလိုက်တာ"
"အဲကြောင့် ဖြစ်လာတာလား"
"ဟုတ်တယ် သခင်လေးတို့ရဲ့
ကြားရ‌သလောက်ကတော့ မြို့စားမင်းက အခွန်ငွေတွေကို အထက်ဆီမပို့ဘူးဆိုပြီး ပြောနေကြတာ ဒီကလူတွေ ဖြုတ်ချပို့စာတွေပို့လည်း အထက်ကအကြောင်းမပြန်ဘူးလေ"
"ရပြီ ကျေးဇူးဘဲ"

The King & His God [VMIN]Where stories live. Discover now