Part 3

483 60 2
                                    

မနက်ခင်းမှာ ရာသီဥတုကသာယာနေပေမဲ့ ထယ်ယောင်းဟာ မအီမသာခံစားနေရသည်။ မနက်စာထမင်းဝိုင်းမှာ ဟင်းမျိုးစုံနဲ့အတူ သူချစ်ရသောဂျီမင်မှာထိုင်နေသည်။သို့သော် သူအားမမြင်ချင်ယောင်ဆောင်နေသည်။ဒီလိုအခြေအနေမျိုးက ထယ်ယောင်းကိုအနေခက်စေသည်။မနေ့ကညကချော့လိုက်သောလည်း ဒီ‌မနက်ဘာအကြောင်းကြောင့် ထပ်စိတ်ဆိုးမယ် သူတကယ်မသိပါ။

ပန်းနုရောင်ဖျော့ဖျော့ဝတ်စုံထားသောဂျီမင်သည် မက်မွန်းပန်းကဲ့သို့ ပုံစံတူသည်။လက်‌ချောင်းထိပ်လေးသည် ပန်းနုရောင်သန်းကာ စားပွဲခုံကဟင်းများကိုယူစားနေပုံက ချစ်ဖွယ်အတိပေ။

"အရှင့်သား"
ဝူမင် စာအိတ်ကိုင်ကာ ထယ်ယောင်းရှိရှာသို့ လျှောက်လာသည်။
"မင်းကြီးက အရှင့်သားကို အမြန်ပြန်လာဖို့ စာလွှာပါးလိုက်တယ်"
"ဘာကြောင့် ဒီမှာမြို့စားမင်းအသစ်ခန့်ပြီးရင် ပြီးတော့မှာလေ"
"အရှင့်က ဒီကိစ္စကို တပ်ကြပ် ကို လွှဲပြီးပြန်လာဖို့ ပြောလိုက်ပါတယ်"
"နန်းတော်ထဲမှာကိစ္စတခုခုဖြစ်လို့လား"
ဝူမင်ပေးသောစာအိတ်ကိုဖွင့်ဖတ်ပြီး စားပွဲခုံပေါ်တင်ထားလိုက်သည်။ ဂျီမင်ကတော့သူတို့ပြောနေတာကို မကြားပုံဆောင်နေပြီး ထမင်းစားနေသည်။

"အရှင့်သား မင်းကြီးကဒီနေ့ကိုပြန်လာစေချင်နေတာနဲ့တူတယ် တပ်ကြပ် လည်းရောက်နေတာကြောင့်"
"ကောင်းပြီ ဒါဆိုလည်း ကိစ္စအဝဝကို
တပ်ကြပ် ဆီလွှဲပြီး သွားကြတာပေါ့"
"ဟုတ်ကဲ့ပါ"
"ဒါနဲ့ ဝူမင် ငါကိုဝေါယာဉ်စီစဉ်ပေး"
"ဟုတ်ကဲ့ပါ အရှင့်သား"

_________________________________

"ကလေး"
"......."
"စိတ်ဆိုးနေတာလား ကိုယ်မနေ့ကအော်မိလိုက်တာကို အခုထိစိတ်ဆိုး မပြေသေးဘူးလား"
"မဟုတ်ဘူး စိတ်မကောင်းဖြစ်တာ နောက်ပြီး နိုးလာတော့ ကိုကို ကမရှိဘူး"
"ကလေးက ခြေထောက်ကယောင်နေတာမို့ ဆေးသွားကျိုပေးနေတာကြောင့်မရှိတာ‌ပါ"
"နောက်ဆို ကျွန်တော်နဲ့အတူတူထမယ်"
"ဟုတ်ပါပြီ‌ဗျာ ကယ်အခုစိတ်ပြေသွားပြီမလား"
"ဟုတ်"
"ကိုယ်တို့ နန်းတော်ကိုပြန်ရတော့မယ် အဲတော့ ကိုကိုနဲ့လိုက်မှာမလား"
"ကိုကိုနဲ့မလိုက်တော့ ကုလားကြီးနောက်လိုက်ရမှာလား" မျက်စောင်းထိုးပြီး‌ေပြာလိုက်သည်။

The King & His God [VMIN]Where stories live. Discover now