Part7 🚨

533 47 2
                                    


တိုင်းပြည်ရေးရာကိစ္စတွေနဲ့အလုပ်ရှုပ်နေတတ်တဲ့ ထယ်ယောင်းက ဧကရီအပေါ်တော့ အားတိုင်းအချိန်ပေးလေ့ရှိတယ်

နယ်စပ်ဆူပူ‌မှုတွေရယ်၊အမတ်တွေရယ်လာဘ်စားမှုတွေရယ်ကြောင့် ဒီနေ့ပုံမှန်သွားနေကျအချိန်ထက်နောက်ကျပြီး စာကြည့်ဆောင်မှာ အနယ်နယ်အရပ်ရပ်ကတင်ပြစာတွေဖတ်နေရတယ်။

_________________
အချိန်အခါ မဟုတ်ဘဲမိုးရွာလာတယ်။ အခုအချိန်ထိ ပြန်မရောက်သေးတဲ့ အရှင့်ကြောင့် ဂျီမင်တစ်ယောင်စိတ်မအေးနိုင်။
ထီးတစ်ချောင်းယူပြီး စာကြည့်ဆောင်ကိုသွားဖို့အလုပ်
" ဧကရီ ဘယ်သွားမလို့လဲ မိုးတွေအရမ်းရွာနေတယ်"
"ဝူမင် ကဒီကိုရောက်နေတာလား အရှင်နဲ့အတူမဟုတ်ဘူးလား"
"မင်းကြီးက ဧကရီတခုခုဖြစ်မှာ စိုးရိမ်တာကြောင့် ကျွန်တော်ကိုစောင့်ကြည့်ခိုင်းဖို့အမိန့်ပေးထားတာပါ"
"အော် အရှင့်က စာကြည့်ဆောင်မှာလား"
"ဟုတ်ပါတယ် ကျွန်တော်တို့ ဝေါယာဉ်ပြင်ပေးပါမယ် ခဏစောင့်ပါဧကရီ မိုးကသည်း....."
"ရတယ်ကိစ္စမရှိဘူး"
ဝူမင်စကားကိုဆုံးအောင်နားမထောင်ဘဲ မိုးရေထဲ ထီးတစ်ချောင်းကိုင်ပြီးပြေးရင်းအော်ပြောလိုက်သည်။

ဒုန်း....

စာကြည့်ဆောင်တံခါးကိုတွန်း‌ဖွင့်ရင်း
"အရှင် ကျွန်တော်လာတယ်"

ထယ်ယောင်းအနားမှာသွားထိုင်ပြီး ‌မင်သွေးပေးနေလိုက်သည်။
"မိုးရွာနေတာ ဘာလို့လာတာလဲ မိုးစိုသွားသေးလား ခန္ဓာကိုယ်ကအားနည်းနေတယ်လေ ဖျားရင်ဘယ်လိုလုပ်မလဲ"
"မိုးမစိုပါဘူး အရှင်က အခုထိမလာသေးတာ တွေ့ချင်တဲ့လူကလာရ‌မှာပေါ့"
"ကိုယ် ဒီတစ်ခုပြီးရင် လာတော့မလို့ကို"
"ဖြည်းဖြည်းလုပ် ကျွန်တော်‌စောင့်ပေးလို့ရတယ်"
"ပုလ္လင်ပေါ်သွားထိုင်နေ၊ ရေနွေးလေးရှိတယ် သောက်ထားနှင့်နော် အသီးလည်းရှိတယ် ကိုယ်ပြီးရင်အတူတူပြန်မယ်"
"ဟုတ်"
အရှင့်ကိုခေါင်းညိတ်ပြတော့ ပါးကိုတစ်ချက်လာနမ်းသွားတယ်
အခုတလော အရှင့်က လက်ရဲဆက်ရဲနိုင်တယ်။ ညဆိုလည်းအရှင်က ....ကိုယ်အတွေးနဲ့ကိုယ်ကြောင့် ဂျီမင်‌ေခါင်းခါပြီး‌ရှက်ရှက်နဲ့ရေနွေးကြမ်းကိုသောက်လိုက်သည်။နားလေးနီသွားရင်းနဲ့ပေါ့။
လုပ်စရာမရှိတာနဲ့ ရေနွေးကြမ်းသောက်ရင်း‌အရှင့်ကိုစောင့်နေလိုက်တယ်။ခေါင်း‌မူးဝေဝေလေး‌ဖြစ်လာမှရေနွေးကြမ်းအိုးနဲ့ သေရည်အိုး မှားသောက်မိမှန်းသိတော့တယ်။
_______________________

The King & His God [VMIN]Where stories live. Discover now