Part 9

334 37 5
                                    

"‌ဒါဆိုရင် မနက်ဖြန်ကျရင် ကိုယ်‌ေတာ်
သူ့ကိုခေါ်လာခဲ့မယ် မင်းသမီးက လိုအပ်တာစစ်ဆေးပေးပါအုန်း"
"ကောင်းပါပြီ မင်းကြီး ဒါဆိုရင် ခွင့်ပြုပါအုန်း"

ထယ်ယောင်းနဲ့မင်းသမီးချင်ရိ စကားပြောနေတုန်း နန်းတွင်းအခိုင်းအစေငယ်တဦးက ပြေးလာသည်။

"မင်းကြီး ဧကရီ ဧကရီ အရှင့်အဆောင်ထဲမေ့လဲနေလို့"
"ဘာ!!!"
မင်းကြီးနဲ့အတူ မင်းသမီးချင်ရိလည်း ဧကရီရှိရာသို့ပြေးသွားကြသည်။

"ဝူမင်ဘယ်လိုဖြစ်တာလဲ "
"အပြင်မှာ အသံကြားလို့ဝင်ကြည့်လိုက်မှ ဧကရီလှဲနေတာတွေ့ရတာပါ"
"‌သမားတော် ဧကရီဘာဖြစ်တာလဲ"
"ကျွန်တော်မျိုး စမ်းသပ်ကြည့်ရတာကတော့ အကုန်ပုံမှန်ပါဘဲ ဧကရီကမနိုးထလာသေးတာပါ မင်းကြီး"
"အကုန်ပုံမှန် ဟုတ်လား အခုကိုယ်တော်ဧကရီကကုတင်ပေါ်မှာမေ့မျောနေတာကို မောင်မင်းပညာတွေသင်ပြီး ဘာမှမလုပ်နိုင်ဘူးလား"
"ခွင့်လွှတ်ပေးပါ မင်းကြီး"

မင်းသမီးကဘဲကြားကနေဝင်ကာပြီး
"မင်းကြီး ဧကရီကြည့်ရတာ အားနည်းရာကနေ အားပျက်သွားတာထင်တယ်"
"မင်းသမီးကုသပေးနိုင်မလား"
"ကြိုးစားကြည့်ပေးနိုင်ပါတယ် ဒါပေမဲ့ ဒီထဲကမလိုအပ်တဲ့လူတွေကို ပြန်ခိုင်းလိုက်ပါ "
"အားလုံးအပြင်ထွက်ကြတော့ ဝူမင်နေခဲ့"

အားလုံးအပြင်ကိုထွက်သွားကြတော့
ချင်ရိလည်း ဂျီမင်လှဲနေတဲ့ကုတင်ဘေးမှာထိုင်ပြီး သွေးကြောကို တိုင်းကြည့်လိုက်တယ်
" ဧကရီက မင်းကြီးပြောသလို နတ်မျိုးနွယ်ဆိုတော့ မသေမျိုးက ‌လူလောကမှာကြာကြာနေရင် မသေမျိုးကိုယ်ခန္ဓာကအားနည်းတတ်ပြီး စွမ်းအားပါပျောက်ဆုံးနိုင်တတ်တယ်"
"ဒါဆို ကုသဖို့က"
"နည်းလမ်းက တခုထဲဘဲ မသေမျိုးလောကထဲပြန်သွားဖို့ဘဲရှိတယ်"
"တခြားနည်းရော"
"တခြားနည်း....ကျွန်မလေ့လာမိသလောက်ကတော့ ဒီနည်းကအလွယ်ကူဆုံးဘဲ တခြားနည်းလမ်းက ဆေးစပ်ပြီးသောက်ရင်တော့ရလောက်မယ်ထင်တယ်
ဆေးက ကျွန်မတို့ သေမျိုးလောကမှာလုပ်နိုင်တဲ့လူမရှိဘူး ဒါပေမဲ့ဆေးလုံးအစား ဆေးအနှစ်ရှ်ိတယ် ဆေးစွမ်းကဆေးလုံးထက်မသာပေမဲ့"
"ဆေး ဆေးလုံးလား အရင်ကသူသောက်တတ်တဲ့ဆေးရှိတယ်"
ထယ်ယောင်းဆေးလုံးကိုယူလာပြီး မင်းသမီးချင်ရိကိုပြလိုက်သည်။
"ဟုတ်တယ် စာမှာဖတ်ဖူးတာက ဆေးလုံးရဲ့အနံ့က ဘာအနံ့မှမရှိတဲ့ ဆေးမျိုးတဲ့"
"ဒီဆေးလုံးကိုဧကရီကိုတိုက်ထားလိုက်ရင် အားပြန်ပြည့်ရင်နိုးထလာလိမ့်မယ် ကျွန်မ ဆေးအနှစ်ကျိုခိုင်းလိုက်မယ် ပြီးရင် ဧကရီကိုလိမ်းပေးရင် ပြန်သတိရလာမှာပါ"

The King & His God [VMIN]Where stories live. Discover now