Final Part

471 47 3
                                    

ဂျီမင်ကိုထားခဲ့ပြီး ဝူမင်နဲ့အတူ ‌ထိုသူဆီသွားလိုက်သည်။ အဆောင်အဝတွင်
"ဝူမင် အဆောင်ဘဲဘယ်သူမှပေးမဝင်စေနဲ့ နောက်ပြီး ဧကရီကိုလည်းမဝင်ခိုင်းနဲ့"
"အမိန့်တိုင်းပါမင်းကြီး"

အဆောင်တံခါးလက်ကိုင်ကိုင်ပြီး
သက်ပြင်းတစ်ချက် ချလိုက်ပြီး ဝင်သွားသည်။အဆောင်ထဲရောက်ရောက်ချင်းမှာဘဲ အဆောင်ထဲကအသံထွက်လာသည်။
"ကြာလိုက်တာ"
"လူကြီးမင်း စောင့်နေရတဲ့အတွက် တောင်းပန်ပါတယ်"
"မင်းတောင်းပန်တာ မလိုအပ်ဘူး
ငါငါ့ထပည့်ကိုပြန်ခေါ်သွားမယ်"
"လူကြီးမင်း....ကျွန်တော်‌တို့...."
"မင်းပြောလာမှာ ငါသိတယ် ဒါပေမဲ့
ငါ့ထပည့်ကိုဒီလိုပုံစံမျိုးနဲ့ ငါမထားခဲ့နိုင်ဘူး"
"လူကြီးမင်း ကျွန်တော်ကိုထည့်မတွက်ရင်တောငိ ဂျီမင်ခံစားချက်ကိုထည့်စဉ်းစားသင့်တယ်"
"ဟားဟားဟား.....ငါ့ထပည့်ခံစားချက်ကိုငါထည့်ထွက်လို့ ငါပြန်လာခေါ်နေတာ"
"ဒါပေမဲ့ လိုက်မယ်လို့သူမပြောဖူးလေ"
"မှန်တယ် သူကမင်းကိုခင်တွယ်လို့ လိုက်ခဲ့မှာမဟုတ်ဘူး ဒါပေမဲ့ငါမှာ သူလိုက်မှာသေချာတဲ့ နည်းလမ်းရှိပြီးသား မင်းစိတ်ပူစရာမလိုဘူး"
"ကျွန်တော်သူနဲ့မခွဲနိုင်ဘူး"

ထိုသူက လက်ကိုနောက်ပစ်ထားပြီး အခန်းကိုရှေ့လျှောက်လိုက် နောက်လျှောက်လိုက်နေသည်။
"မင်းကလူသား သူကအမတနတ်ဘုရား
ဘယ်လိုမှမဖြစ်နိုင်တဲ့ဇာတ်လမ်းကိုဘာကြောင့် ဆက်ဆွဲနေချင်ရတာလဲ"
"......"
"နောက်ပြီး မင်းဘာလို့ သူကိုမပြောတာလဲ"
"ဘာကို?"
"ငါနဲ့အိမ်မက်ထဲမှာတွေ့တဲ့အကြောင်း"
"သိသွားရင်ပိုစိတ်ပင်ပန်းမဲ့အရာကို ဖွင့်ပြောစရာလိုမယ်မထင်ဘူး"
"ဟုတ်တာပေါ့ ဟုတ်တာပေါ့"
______________________

"မင်းသိလား ငါဘဝမှာ အမှားနှစ်ခုလုပ်ဖူးတယ် ဒုတိယအမှားတခုက ဂျီမင်ကိုမင်းအနားမှာ အစောင့်ရှောက်အဖြစ်ထားဖို့
ဂျီမင်ဆန္ဒကိုငါအလိုလိုက်မိတာဘဲ"
"ဂျီမင်ကို ကျွန်တော်အနားမှာဘဲထားရင် ဘာဘဲဖြစ်ဖြစ် ပေးလို့ရပါတယ် လူကြီးမင်းအနေနဲ့ စဉ်းစားပေးပါ"
"ဘာပေးပေး....."
"ဟုတ်ပါတယ် ထီးနန်းလိုချင်လည်းရတယ်"
"ဂျီမင်ကလေ ငါအတွက်ထပည့်တစ်ယောက်ထက်ပိုတယ် ငါ့ကလေးတစ်ယောက်လ်ိုဘဲ"

The King & His God [VMIN]Where stories live. Discover now