Part 4

417 52 0
                                    

ထယ်ယောင်း မင်းကြီးရှိရာအ‌ေဆာင်သို့သွားလိုက်သည်။

"ခမည်းတော်နဲ့မယ်‌တော်ကြီး(Sunwoo) ကိုနှုတ်ခွန်းဆက်ပါတယ်"
"သားတော် လမ်းခရီးအဆင်ပြေခဲ့ရလား
ရုတ်တရက်ကြီးခေါ်လိုက်ရလို့ လန့်သွားလား "
မယ်တော်ကြီးမှပြောလိုက်သည်။
"အိမ်ရှေစံနယ်စပ်ထွက်သွားထဲက မင်းကြီးအိမ်မက်တွေမကောင်းဘူးပြောတယ်နောက်ပြီးအိပ်လို့ပါမ‌ပျော်တော့တဲ့အထိဖြစ်လာလို့ သမားတော်ကတောင် ဆေးစပ်ပေးထားရတယ်"
"ဗျာ ဆေးစပ်ပေးရတဲ့အထိတောင်"
"ဟုတ်တယ် နှလုံးလည်းအားနည်းနေတယ်ဆိုလား"
"သားတော် ကိုယ်တော်ခေါ်လိုက်ရတာက
သားတော်ကို ဒီ‌နေရာဆက်ခံ‌ပြီး အနားယူချင်နေပြီ"
"ဒါပေမဲ့ ကျွန်တော်မှာ လိုအပ်ချက်တွေရှိပါသေးတယ် မင်းကြီး"
"ငါ့အမိန့်ဘဲ ဒီလကုန် ငါနန်းစွန့်မယ်"
"မင်းကြီး...."
"သွားနားတော့"
"Bokon ခရီးပန်းလာတာ သွားနားတော့ မင်းကြီးလည်းအနားယူဖို့အချိန်ရောက်လာပြီ"

______________________

အိမ်ရှေ့စံနန်းဆောင်ရှေ့တွေ
"အစ်ကိုတော်"
"ဘယ်လိုဖြစ်လို့ ဒီကိုရောက်နေတာလဲ"
"‌သတင်းကြားနေရလို့"
"ဘာသတင်း"
"အစ်ကိုတော် နယ်စပ်သွားတာ ကောင်မလေးတစ်ယောက်ကိုခေါ်လာတယ်ဆို မိတ်ဆက်ပေးအုန်းလေ ကိုယ့်ညီမကို"
"ကောင်မလေး??? ဘယ်သူ "
"အစ်ကိုဘဲ ပွေ့ခေါ်လာတာလေ နန်းတွင်းသူတွေအများကြီးမြင်တယ်"
ထယ်ယောင်းပြုံးကာ "ကလေးကိုလား"
"ဘာလိုခေါ်လိုက်တာလဲ"
ရုပ်ပြန်တည်ကာ "ဘာမှမဟုတ်ဘူး သွားတော့ မယ်တော်ကြီးက မင်းကြီးနားနေဆောင်မှာ"
"အစ်ကိုတော်ကလည်း ဗြောင်ချယ် ကမယ်‌ေတာ်ကိုတွေ့ချင်တာမှမဟုတ်တာ  အစ်ကိုတော်ကလေးလေးကိုတွေ့ချင်တာဟီး ဝင်ခွင့်ပေးလို့"
"ဝင်ဝင် တွေ့ပြီးရင်ပြန်"
"ဟုတ်"

အဆောင်ထဲဝင်ဝင်ချင်း အဖြူရောင်အရိပ်လေးက ထယ်ယောင်းဆီပြေးရောက်လာသည်။
"ဘာလို့ပြေးလာတာလဲကုတင်ပေါ်မှာနေတာမဟုတ်ဘူး ခြေထောက်ရောသက်သာလို့လား"
"သက်သာပါတယ်ကိုကိုရဲ့ ကျွန်တော်ကနတ်ဘုရားပါနော် ပျောက်အောင်ကုနိုင်တယ်"
ထယ်ယောင်းမေးလိုက်သည် "ဒါဆိုလမ်းတစ်လမ်းလုံး ခြေတောင်ယောင်နေတာနဲ့လိုက်လာတာကရော"
"ကိုကိုဂရုစိုက်တာခံချင်လို့လေ စိတ်ဆိုးတာလား"
"မဟုတ်တာ ကိုကိုကမင်းတစ်‌ေယာက်ထဲကိုဂရုစိုက်မဲ့လူပါ"
ဗြောင်ချယ်ကိုမည်သူမှမမြင်သလို‌အရေးမလုပ်တာနဲ့" အဟမ်းအဟမ်း ညီမက အိမ်‌ေ‌ရှ့စံBokon Taehyung ရဲ့ ညီမဗြောင်ချယ်ပါ မင်းသမီးဆိုလည်းဟုတ်တယ် ဒီကသခင်လေးကဘယ်ကလဲမသိဘူး"

The King & His God [VMIN]Where stories live. Discover now