Part-6

403 55 7
                                    

မနက်ခင်းမှာ လူတိုင်းအလုပ်များနေကြသည်။ ထယ်ယောင်းသည်လည်း ထိုလူများထဲတွင်ပါဝင်သည်။ ညကကြမ်းမိသွားတော့ သူ့ဧကရီက တအီအီနဲ့ငိုနေတယ်။

"လာပါ ကို‌ယ်ဆေးထည့်ပေးမယ်လေ"
"နာတယ်~"
"ဆေးလိမ်းရင် သက်သာသွားမှာနော်"
"နောက်တစ်ခါမဟုတ်တော့ဘူး ညကလည်းတော်ပါတော့ဆိုမရပ်ပေးဘူး"
"အယ် ပထမဆုံးမို့လို့ပါ နောက်ကျရင်မနာတော့ဘူးနော် ဆေးလိမ်း‌ေပးမယ်"
ထယ်ယောင်းရှိရင်ဖင်လေးကော့ပေးရင်းဆေးလိမ်းခံလိုက်သည်။

"စားဖို့ပြင်ပေးထားတယ်နော် စားနှင့်ပြီးမှပြန်အိပ်နော်"
"အရှင်ရော"
"ဟင် ဘာကို"
"အရှင်ကကျွန်တော်နဲ့ အတူတူမစားဖူးလား"
"ကိုယ်လည်းအတူတူစားမှာလေ"
"ချီ~~"

စားတော်ပွဲရှိရာဆီသို့ အရှင့်က သူ့ဧကရီလေးကိုပွေ့ချီပြီး ပေါင်ပေါ်မှာထိုင်စေသည်။
"အာ...ဒါလေးကနူးအောင်ပြုတ်ထားတာ အားရှိအောင်စား အဲမှနောက်ကျရင်ခံနိုင်ရည်ရှိမှာ"
"အရှင့်" ဂျီမင်ဘေးဘက်ကိုလှမ်းကြည့်ရင်း တိုးတိုးလေးပြောလိုက်သည်
"မခံရတိုင်း လုပ်မယ်ဆိုတာကြီး ဟွန့်"

ဂျီမင်လည်း ညကသေချာမအိပ်ရသေးတာကြောင့် စားပြီးအိပ်ပျော်သွားသည်။

__________________________________

နိုးနိုးလာချင်း သူဘေးမှာ အရှင့်မရှိတာကြောင့် ဝတ်စုံ‌သေချာဝတ်ပြီး အဆောင်ရှေ့ဆီသွားလိုက်သည်။အဆောင်ရှေ့တွေရပ်နေသော နန်းတွင်းသူ တစ်ယောက်ကိုခေါ်ပြီး
"အရှင့်ရော ဘယ်သွားလဲ"
"မင်းကြီး ညီလာခံသွားပါတယ် ဧကရီ"
"......"

နိုးလာချင်း သူဘေးမှာမရှိတာကြောင့်ရယ်
လက်ထပ်ထားတာ တစ်ရက်မရှိသေးတာကို ညီလာခံသွားပြီးကြိုးစားနေတာကြောင့် ဂျီမင်စိတ်ကောက် ပစ်ချင်သွားသည်။

မနက်စာအတူစားပြီး သူကိုပြန်သိပ်သွားပေမဲ့ နိုးလာတဲ့အထိတော့ စောင့်ပေးသင့်တယ်လေ။ ကြည့်နေ ပြန်လာရင် စိတ်အကြီးကြီးကောက်ပစ်မယ်။

__________________________

"မင်းကြီး....ဧကရီခန့်အပ်မှုအပေါ်  နယ်မြေ
တော်တော်များများက ဆူပူမှုလုပ်နေကြပါတယ်"
"နောက်ထပ် မိဖုရားငယ်ခန့်အပ်သင့်ကြောင်းပါ မင်းကြီး!!!"

The King & His God [VMIN]Wo Geschichten leben. Entdecke jetzt