Prologue

2.2K 213 5
                                    

1

Xie Yan Linမှာ ကင်ဆာရောဂါရှိခဲ့သည်။ထိုအချိန်တုန်းက ရောဂါသည်ဖြစ်ခဲ့တာအထင်အရှားပါပဲ။

သူဟာ အိပ်ရာထဲမှာပဲနေရကာ ဖြူ​ဖျော့နေပြီး ကြိုးပေါင်းများစွာနှင့်စက်တွေဟာ သူ့အသက်ကိုဆွဲပေးထားဖို့ အကူအညီပစ္စည်းတြွေဖစ်ခဲ့သည်။

သူ သက်ပြင်းချလိုက်ပြီး မျက်လုံးမှိတ်လိုက်သည်နှင့် မျက်ရည်များကျဆင်းလာခဲ့၏။

သူ မိသားစုတစ်ခုပဲလိုချင်ရုံပါ။

သူက ပြုစုစောင့်ရှောက်ပေးနိုင်မယ့် မိသားစု၊ သူ့ကိုလည်း ပြုစုစောင့်ရှောက်ပေးမယ့် မိသားစု။

သူ့မိသားစုက ဂရုစိုက်တယ်လို့ ပြောကောင်းပြောနိုင်ပေမယ့် တကယ်တမ်းကျ မဟုတ်ခဲ့ဘူး။သူသိသည်။ဆေးကုခအတွက် ပိုက်ဆံသာပေးပြီး ဂရုစိုက်မှု...ကရုဏာတရား...ချစ်ခြားတရားဆိုတာ တစ်စိုးတစ်စိမျှရှိမနေ။ဟက် သူဆေးရုံကုတင်ပေါ်မှာ သေလုမျောပါးလှဲနေရချိန်တောင် ဘယ်တော့မှလာမတွေ့ခဲ့။တစ်ကြိမ်လေးတောင်မှပဲ။

သူ မိသားစုရြှိခင်းရဲ့ခံစားချက်ကို ခံစားချင်ရုံသာ။

သက်ပြင်းအသာချကာ မျက်လုံးကိုငြင်သာစွာမှိတ်လိုက်ပြီး အခန်းထဲတွင် နာရီလက်တံလှည့်နေသံဟာ စည်းချက်ကျစွာထွက်ပေါ်လာ၏။

အလင်းစူးစူးက သူ့မျက်နှာပေါ်သို့ကျလာသလို ခံစားမိလိုက်သောကြောင့် မျက်တောင်တစ်ချက်ခတ်လိုက်သည်။

ထမထိုင်ခင် သူ့မျက်နှာကိုတစ်ချက်ပွတ်ကာ ညည်းညူလိုက်သည်။

ပြတင်းတံခါးလိုက်ကာများမှတစ်ဆင့် ထိုးဖောက်ဝင်ရောက်လာသော နေရောင်ခြည်က သူလှဲလျောင်းနေရာသို့တိုက်ရိုက်ကျကာ သူ့မျက်နှာပေါ်သို့ကျရောက်နေ၏။

ပတ်ပတ်လည်ကို ကြည့်လိုက်တော့ အခန်းထဲမှာ ရှိနေမှန်း ထင်ရှားသည်။အလွန်ကြီးမားပြီးများပြားပုံပေါ်သည်။သူဆိုလိုတဲ့ များပြားတယ်ဆိုသည်က တန်ဖိုးကြီးတာကိုပြောတာ ဖြစ်သည်။အဝတ်ခန်းထဲမှာ ဗီရိုများစွာက သူ့အကန့်နှင့်သူရှိပြီး ရှိသမျှအကုန်လုံးက brandedတွေဆိုတာ ကျိန်းသေ၏။

Baby Momma(MM Translation)Where stories live. Discover now