Three

1K 190 7
                                    


Ch3 - မင်းကို သိလာခြင်း

ထိုညပြီးသည့်နောက်၊ Chenyi သည် သူ၏ခင်ပွန်းဖြစ်သူနှင့် သားဖြစ်သူရဲ့ ဆက်ဆံရေးအား သတိထားလေ့လာခဲ့သည်။အခုIanဟာ အရင်ကလက်ထပ်ဖို့ဖိအားပေးခံခဲ့ရတဲ့ Ianနှင့်တစ်ခြားစီပင်။

ဒီIanက တောက်တောက်ပပပြုံးသည်။သနားကြင်နာတတ်သည်။သားကို ချစ်ပေးပြီး ဂရုစိုက်ပေး၏။ဒီIanက သားကိုသိပ်ချစ်ပြီး သားအတွက်အရာရာကိုလုပ်ပေးနိုင်သည့်ပုံစံပင်။

ဘယ်လိုဖြစ်သွားတာလဲဆိုတာကို သူနားမလည်နိုင်ဘူး။သူ့ခရီးစဉ်သည် ရက်အနည်းငယ်သာရှိပြီး ဒီအချိန်အတွင်း Ianဒီလောက်ပြောင်းလဲသွားရတဲ့ အကြောင်းအရင်းကို ရှာမတွေ့နိုင်သေးပေ။သူယုံ
ကြည့်ရတဲ့ အိမ်ထိန်းနှင့်အစေခံတွေအား မေးကြည့်တော့လည်း အားလုံးကတစ်ပုံစံတည်းပြောကြတာပင်။

"တစ်နေ့က သခင်Ianက ညအိပ်ဝတ်စုံကြီးနဲ့အခန်းထဲကထွက်လာပြီး သခင်လေးWenduoအတွက် မနက်စာချက်ပေးခဲ့ပြီး သခင်လေးလိုသမျှကိုလည်း လုပ်ပေးခဲ့တယ်... "

ဒီအကြောင်းကိုစဉ်းစားကြည့်တော့ ညတွင်းချင်းကို Ianက လူသစ်တစ်ယောက်လိုဖြစ်သွားခဲ့တာပင်။

ကိုယ့်ယောကျာ်းကိုယ်တောင်မကြည့်ခဲ့တဲ့ (မကြာခင်မှာသူ့ခင်ပွန်းဟောင်းဖြစ်တော့မယ့်) Ian က  သူ့သားလေးနဲ့ဆော့ပေးနေတယ်တဲ့။တစ်ခုခုမှားနေပြီ။

Wenduoကတော့ သူ့ပါးပါးနဲ့အချိန်များများဖြုန်းနေရတာနဲ့ကို ပျော်ရွှင်နေပြီး ထိုအကြောင်းကို တစ်ခါမျှ မမေးခဲ့ပေ။သူ ရုံးရောက်ရင် ဒီကိစ္စတွေအားလုံးကို မေ့ထားတတ်တော့ Ianက ပင်ပန်းလွန်းလို့ သူ့ကိုအပြစ်တင်ခဲ့သည်။ဒါ​ပေမယ့်​ ဒီအချက်​​ကြောင့်​ သူ့​သားလေးကိုမစိုးရိမ်ရတော့ဘူးဆိုတာကြောင့် နေသာခဲ့သည်။

ယခုအခါမှာတော့ သူတို့၏နေ့စဉ်လုပ်နေကျဖြစ်သော  ဆိုဖာပေါ်တွင်ထိုင်ကာ ပွေ့ဖက်ထားရင်း ကာတွန်းကားကြည့်နေခြင်းပင်။ဒါပေမယ့် ဒီတစ်ခါမှာတော့ Chenyiကဆိုဖာတစ်ဖက်စွန်းတွင်ထိုင်နေပြီး သူ့သားနှင့်ယောကျာ်းကတော့ တစ်ယောက်ကိုတစ်ယောက်ပွေ့ဖက်နေတော့ သူမှာ့အပယ်ခံဖြစ်နေသလိုပင်။Chenyi မိမိပါးအားတစ်ချက်ရိုက်လိုက်ရင်း သူတောင် ကိုယ့်ကိုဂရုမစိုက်တာ!သူ့ကိုလည်း ဂရုစိုက်မနေပါဘူး!

Baby Momma(MM Translation)Where stories live. Discover now