6

859 158 6
                                    

Ian သည် Chengလုပ်ငန်းစု၏ အထပ်မြင့်အဆောက်အအုံရှေ့တွင် ရပ်ကာ အနည်းငယ်သက်ပျင်းချလိုက်သည်။

သူက Wenduo ကို ကျောင်းပို့ပြီးတာနဲ့ သူ့ယောကျာ်းဆီနေ့လည်စာပို့ရင်း အလည်သွားဖို့တွေးလိုက်သည်။ တစ်စုံတစ်ယောက်အတွက် စားစရာပို့ပေးတာမျိုး၊ချက်ပြုတ်ပေးတာမျိုးကို သူအရင်ကတစ်ခါမျှမလုပ်ဖူးခဲ့။  ဒါပေမယ့် သူကိုယ်တိုင်အတွက်မဟုတ်ဘဲ တစ်ယောက်ယောက်အတွက် ဟင်းချက်ပေးရမယ်ဆို သူ့မိသားစုပဲဖြစ်ရမယ်ဟု သူအမြဲတမ်းစဉ်းစားခဲ့သည်။

တံခါးအလိုလိုပွင့်လာသည်နှင့်အမျှ အသက်ပြင်းပြင်းရှူကာ ဝင်သွားလိုက်သည်။

အရှေ့ကစားပွဲကို မကြည့်မီ ကျယ်ပြန့်လှတဲ့လူအုပ်ကြီးကိုတစ်ချက်ကြည့်လိုက်သည်။

သူခြေလှမ်းကျဲကျဲလှမ်းလိုက်ကာ ဖုန်းပြောနေတဲ့အမျိုးသမီးအာရုံစိုက်မိစေရန် ချောင်းအနည်းငယ်ဟမ့်လိုက်သည်။

သူမက သူ့ကိုကြည့်လာပြီး “ခဏလေးပါ” ဟု ဖုန်းထဲကတစ်ဖက်လူကိုပြောလိုက်ပြီး သူ့ကိုတစ်ဖန်ပြန်ကြည့်လာကာ "ဟုတ်ကဲ့?"

"အင်း...အမ်  Mr. Cheng က သူ့ရုံးခန်းမှာလား?  ကျွန်တော် သူ့အတွက် တစ်ခုခုလာပို့ပေးတာ…” ဟု ရှက်ရှက်နှင့်ပင်ပြောလိုက်သည်။

သူမက ခေါင်းညိတ်ပြီး “ဟုတ်ကဲ့ပါရှင့် ...မတွေ့ခင်နာမည်လေးပြောပေးလို့ရမလားဟင်... ကြိုတင်ချိန်းဆိုထားတာရှိလားရှင့်”

“အမ် မချိန်းထားပါဘူး... lan Chengလို့ပဲ ပြောလိုက်ပါနော်"  သူ ထမင်းဗူးကို တင်းတင်းကျပ်ကျပ်ကိုင်ထားရင်း ပြောလိုက်သည်။

သူမ သူ့ကို သေချာစိုက်ကြည့်ပြီးနောက် ဖုန်းခေါ်လိုက်ပြီး
"သူဌေးChengရှင့် Lan Chengဆိုတဲ့ နာမည်နဲ့လူက ကြိုတင်မချိန်းထားဘဲ ဆရာ့ကိုတွေ့ဖို့ရောက်နေပါတယ်...သူပြောတာတော့ ဆရာ့ကိုတစ်ခုခုလာပို့တာပါတဲ့"

“အပေါ်ကိုလွှတ်လိုက်....နောက်တစ်ခါ သူလာရင် ချက်ချင်းသာ ဝင်ခွင့်ပေးလိုက်..."

ပုံမှန်လို တည်ငြိမ်လေးနက်တဲ့ဘော့စ်နှင့်မတူစွာ တက်ကြွနေတဲ့ ဘော့စ်အသံကြောင့် သူမ မျက်ခုံးပင့်သွားရသည်။

Baby Momma(MM Translation)Where stories live. Discover now