9

626 83 6
                                    

Baby MommaCh9_စကားပြောခြင်း

 Ianသည် အိပ်ပျော်သွားသောWenduoအား အိပ်ရာပေါ်သို့ညင်သာစွာ ချလိုက်ကာ စောင်ခြုံပေးပြီးဘေးတွင်လည်း ဖက်ခေါင်းအုံးလေးကာထားပေးလိုက်၏။

 lanက နူးညံ့စွာပြုံးလိုက်ပြီး Chenyi၏အိပ်ခန်းဆီသို့သွားရန်ဉီးတည်လိုက်သည်။

 သူသည် တံခါးလက်ကိုင်ဘုကိုင်ကာ တုန်လှုပ်နေပြီး တံခါးမဖွင့်ခင်အသက်ပြင်းပြင်းရှူထုတ်လိုက်သည်။

 "Chenyi?" 

lanက ဝင်ဝင်ချင်းမှာပင် တိုးတိတ်ညင်သာစွာခေါ်လိုက်၏။

 Chenyi သည် အခန်းတစ်ဖက်ခြမ်းရှိ သူ့စားပွဲပေါ်တွင်အလုပ်လုပ်နေဟန်တူ၏။Ianခေါ်သည်ကိုကြားသည်နှင့် ချက်ချင်းရပ်ကာထရပ်လိုက်သည်။

 "အင်းပြောလေ Ian?"

 “ငါ… မင်းကို ပြောစရာရှိလို့…” Ian က သူ့ညအိပ်ဝတ်စုံအပေါ်ထပ်ကို ကိုင်ကာ မေးလိုက်၏။

 "ဟုတ်ပြီလေ ကိုယ်တို့ကုတင်ပေါ်ထိုင်ကြရအောင်" 

 Chenyi က lanအားကုတင်ပေါ်ထိုင်ရန် အပြုံးလေးနှင့်လမ်းကြောင်းပေးလိုက်သည်။

 "အမ်.....ငါမင်းကို မေးချင်တာကလေ......မင်းငါ့ကိုကွာရှင်းချင်နေတာမလား?"

 Chenyiက အနည်းငယ်တုန်လှုပ်သွားကာ မျက်နှာကိုလက်ဖြင့်အုပ်ရင်း

"အင်း ဟုတ်တယ်"

 "ဒါဆို...ဘာလို့လဲ?"

 Chenyi သည် သူ့ကိုယ်သူ လှောင်ပြောင်ရယ်မောလိုက်ရင်း “ကိုယ် မင်းအပေါ်ကိုကျရှုံးသွားခဲ့တယ်လေ”

"အို့ အိုး..."lanက သူဘာကိုဆိုလိုတာလဲ သိသွားတော့ မျက်တောင်တခတ်ခတ်ဖြစ်သွားကာ နားရွက်များနီရဲလာ၏။

 “မင်း ပြောင်းလဲလာခဲ့တယ်လေ… ဘယ်လိုဖြစ်သွားတာလဲမသိပေမယ့်...ကိုယ် C-Countryကပြန်လာတဲ့ အဲ့နေ့မှာပဲ မင်းဒီလိုပုံစံဖြစ်သွားခဲ့တာပဲ .. မင်း Wenduo နဲ့ အတူတူနေရဖို့ တောင်းဆိုခဲ့တုန်းက မင်းမျက်ဝန်းထဲကအကြည့်...အဲ့အကြည့်တွေကို ကိုယ်ထပ်တလဲလဲမြင်တွေ့ချင်ခဲ့တယ်..အဲ့လိုတွေ့ရအောင်လည်း ကိုယ်လုပ်ခဲ့တယ်.. အဲ့တာကပဲ အားလုံးထက်မင်းကိုပိုတောက်ပစေခဲ့တယ်...ပြီးတော့ မင်း...မင်းက သိပ်ကိုအံ့သြစရာကောင်းလွန်းတယ်..နူးနူးညံ့ညံ့ညင်ညင်သာသာ စကားပြောတတ်ပြီး မင်းပြောချင်တာကိုလည်း မကြောက်မရွံ့ပြောရဲတယ်..ကိုယ်..ဘယ်လိုမှမတတ်နိုင်ခဲ့ဘူး"  သူ့ကိုယ်သူ တစ်ချက်ရယ်လိုက်ပြီး အကြည့်ကိုအောက်စိုက်ကာ

You've reached the end of published parts.

⏰ Last updated: Aug 04, 2022 ⏰

Add this story to your Library to get notified about new parts!

Baby Momma(MM Translation)Where stories live. Discover now