7

919 156 5
                                    

Ch7 -လူထုအမြင်

ဟုတ်ပါသည်။ပါပါရာဇီတွေနဲ့ သတင်းထောက်တွေက အမြဲတမ်း အလုပ်ရှုပ်နေ၏။  ထိုမျှမက ၄တို့သည် ရှာဖွေမှုအများဆုံးအကြောင်းအရာနှင့် ထိပ်တန်း နံပါတ်တစ် hot topic အဖြစ်တက်လာခဲ့သည် ခေါင်းစဉ်တစ်ခုကြောင့် ရုတ်တရက် အလုပ်များလာခဲ့သည်။

ဥက္ကဌ Chengရဲ့ ခင်ပွန်းနှင့် ကလေးအား နောက်ဆုံးတော့ ထုတ်ပြခဲ့ပြီလား?

ဥက္ကဌ Cheng၏မိသားစုအပေါ် အမြဲထင်ကြေးဖြင့်သာခန့်မှန်းခဲ့ရ၏။  သူသည် အရင်က မည်သည့်ကောလဟာလမျှ မထွက်ဖူးသလို သူ့ကုမ္ပဏီဝန်ထမ်း သို့မဟုတ် သူ၏စီးပွားရေးလုပ်ဖော်ကိုင်ဖက်တစ်ဦးနှင့်မျှမှ သတင်းမထွက်ဖူးသေးပါ။  သူနဲ့ပတ်သက်တဲ့ ကောလဟာလတွေ တစ်ခါမျှထွက်ရှိမလာခဲ့ပေ။

သေချာတာကတော့ Mr Cheng ဟာ ​​ဆိုရှယ်မီဒီယာနဲ့platformsတိုင်းကို အမြဲတမ်း တင်းတင်းကျပ်ကျပ်ပိတ်ပင်ထားခြင်းပင်။  ဒါပေမယ့် အချိန်ကြာကြာ ပွက်ပွက်ထနေတဲ့ သတင်းတွေကိုပဲ ရပ်တန့်နိုင်၏။

အမည်မသိအသုံးပြုသူတစ်ဦးမှ တင်ထားသော အဆိုပါပို့စ်တွင် amusement park၌ အနက်ရောင်ဆံပင်ကောက်ကောက် ကလေးငယ်တစ်ဦးကို လက်ဆွဲထားသည့်  ဥက္ကဋ္ဌ Cheng ၏ပုံပါနေ၏။သူ့မျက်နှာသည် ကလေး၏အန္တရာယ်ကင်းမှုကို အာရုံစူးစိုက်ထားသော်လည်း အပြာရောင်မျက်ဝန်းတွေကိုတော့ ရှင်းရှင်းလင်းလင်း မြင်နေရဆဲဖြစ်သည်။ကလေး၏အခြားလက်တစ်ဖက်ကို ဆုပ်ကိုင်ထားရသည့် ရွှေရောင်ဆံပင်ကောက်ကောက်များ (ကလေး၏ဆံပင်အရောင်သာကွဲ၍တစ်ပုံစံတည်းဖြစ်သော) နှင့် အပြာရောင်တောက်တောက်မျက်လုံးများနှင့် gerလည်းပါသေး၏။ ပါးစပ်ကိုလက်လေးနှင့်အုပ်ကာ ကလေးနှင့်တီးတိုးပြောနေကာ နူးညံ့စွာရယ်နေကြသော နှစ်ယောက်ကို ဥက္ကဠChengက ပြုံးလျက်ကြည့်နေ၏။

ထို့နောက် နာရီဝက်အကြာတွင် အဆိုပါပို့စ်ကို ဖျက်လိုက်သော်လည်း လူအများအပြားကမြင်ခဲ့ကြပြီး အမျိုးမျိုးသော platformsသို့ shareခဲ့ကြသောကြောင့် နောက်ကျသွားလေ၏။ပို့စ်ပေါင်းသောင်းကျော်ကိုလိုက်ဖျက်နေရပါမည်လော။

——————————

space_unicorn- မယုံနိုင်သေးဘူး!  ဥက္ကဌ Cheng ရဲ့ အချစ်ရေးသတင်းကို နှစ်ပေါင်းများစွာ စောင့်မျှော်နေခဲ့ရတာ နောက်ဆုံးတော့ ပေါ်လာခဲ့ပြီပေါ့။  (≧∀≦)

Baby Momma(MM Translation)Where stories live. Discover now