8

773 119 3
                                    

Ch8 - ကြေညာချက်

 "ဆရာ ကျွန်တော်တို့ဘာလုပ်ကြမလဲ?လူထုက ဆရာ့ကို ဒီကိစ္စပေါ်မှာ ဖြေရှင်းချက်ပေးဖို့ တောင်းဆိုနေကြတယ်”

 Chenyiသည် သူ၏အတွင်းရေးမှူးကို စိုက်ကြည့်ကာ

 "ဒါဆို ​ဖြေရှင်းချက်ပေးလိုက်တာပေါ့"

 –

 Ian သည် Wenduoလေးကို ပေါင်ပေါ်တင်ကာ stageနောက်က ဆိုဖာပေါ်တွင်ထိုင်နေ၏။

  အရမ်းစိတ်လှုပ်ရှားမနေဖို့အတွက် အသက်ပြင်းပြင်းရှူလိုက်၏။

 "ပါးပါး?  အဆင်ပြေရဲ့လား?" ဟု Wenduoလေးက မေးလိုက်၏။

 Ian က သူ့ကို စိတ်လှုပ်ရှားစွာ ပြုံးပြလိုက်ပြီး "အသည်းလေး ပါးပါး နည်းနည်းတော့ စိတ်လှုပ်ရှားနေတယ်"

 Wenduo က သူ့ကို ပြုံးပြပြီး သူ့ရင်ဘတ်ကိုနှာခေါင်းလေးနှင့်ပွတ်ကာ

 "ဘယ်လိုပဲ စိတ်လှုပ်ရှားရှား ပါးပါးလုပ်နိုင်မှာ သေချာတယ်!ပါးပါးက ကမ္ဘာ့အကောင်းဆုံးဖေဖေပဲဟာကို!”

 Ianမှာ ရယ်ကာ အနက်ရောင်ဆံပင်ကောက်ကောက်လေးတွေအား နမ်းလိုက်သည်။

 "ကောင်းသောနေ့ပါ လူကြီးမင်းတို့!  Cheng Industries မှ ဥက္ကဌ Cheng ကိုယ်တိုင်​ပြောမယ့် ကြေညာချက်တစ်ခုအတွက် ဒီနေ့ ဒီကိုရောက်ရှိနေတာဖြစ်ပါတယ်”  လူငယ်သတင်းထောက်က စကားစမြည်ပြောနေသူများနှင့် ဓာတ်ပုံရိုက်နေသည့်လူများ ပြည့်နေသော ခန်းမဆီသို့ လက်ဟန်ပြကာ ပြောလိုက်သည်။

 "မင်္ဂလာပါ မစ္စ~အင်တာဗျူးဖို့ မစ္စရဲ့အချိန်ကို စက္ကန့်အနည်းငယ်လောက် ပေးနိုင်မလားဗျ"  

သူငယ်ချင်းနဲ့ ဓာတ်ပုံရိုက်နေတဲ့ အနီးနားက အမျိုးသမီးတစ်ယောက်ကို မေးကြည့်တော့ သူက ပြုံးပြီး ခေါင်းညိတ်ပြလာ၏။

 "အားလုံးသိကြတဲ့အတိုင်းပဲ ဥက္ကဌ Cheng ရဲ့ မိသားစုနဲ့ ပတ်သက်တဲ့ သတင်းတွေဟာ နေရာတိုင်းမှာ ပြန့်နှံ့နေတာ။  ဥက္ကဋ္ဌ Cheng က ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခုခုပြောမယ်လို့ထင်ပါသလား? မစ္စရော ဒီကိစ္စအပေါ်မှာ ဘယ်လိုမြင်ပါသလဲဗျ?"

 အမျိုးသမီးက လည်ချောင်းရှင်းလိုက်ကာ သူ့ရှေ့တွင်ကမ်းထားတဲ့ မိုက်ကိုယူကာ

Baby Momma(MM Translation)Where stories live. Discover now